Her Blaze FHD

Her Blaze

Drama FHD 2026

ဇာတ်လမ်းအညွှန်း သင်္ချာပါရမီရှင်တစ်ဦးဖြစ်သူ ရောင်ယွီချီဟာ အရင်းနှီးဆုံးသူငယ်ချင်းနဲ့စီးပွားဖက်ဖြစ်သူ ပိုင်ကျင်းကျင်းရဲ့မဟုတ်မမှန်လုပ်ကြံမှုကို ခံခဲ့ရပါတယ်။ သူဟာ မိခင်ဖြစ်သူကို ပြန်လည်တိုက်ခိုက်ခဲ့လို့ မူးယစ်ဆေးစွဲနေသူအဖြစ်စွပ်စွဲခံရကာ မိသားစုရဲ့ဖိအားပေးမှုကြောင့် Cardiac Health Treatment Center ကို ပို့ဆောင်ခံလိုက်ရပါတယ်။ အဲအချိန်ကစပြီး မိသားစု၊ သူငယ်ချင်း၊ အချစ်နဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းအားလုံးဟာ သူ့ဘဝထဲကနေ အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ဘဝအမှောင်အတိကျသွားတဲ့ကာလတစ်လျှောက်လုံးမှာ ရောင်ယွီချီဟာ ချောက်တွန်းခဲ့သူရဲ့မျက်နှာကို လုံးဝမမေ့ခဲ့ပါဘူး။ သုံးနှစ်အကြာမှာတော့ ဆေးရုံက ဆင်းလာခဲ့ပြီး ရောင်ယွီချီဟာ ပိုင်ကျင်းကျင်းရဲ့မျက်နှာဖုံးကို ခွာချကာ ယုတ်မာတဲ့လုပ်ရပ်တွေကို လူသိရှင်ကြားဖွင့်ချဖို့ အသေးစိတ်ကျလှတဲ့လက်စားချေမှုအစီအစဉ်တွေကို စတင်အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ဒီဇာတ်လမ်းက ကြည့်နေကျ လက်စားချေဇာတ်အိမ်မဟုတ်ဘဲ Female Lead အသားပေးဖြစ်တဲ့အပြင် လူတွေရဲ့မနာလိုမှု၊ ဟန်ဆောင်မှုတွေကိုပါ လှစ်ဟပြထားတဲ့ဇာတ်လမ်းမို့ ကြည့်ရှုသူတွေ အားရကျေနပ်မဲ့ဇာတ်လမ်းမျိုးပါပဲ ပြိတ်သတ်ရေ!