My Girlfriend Is a Gumiho FHD

My Girlfriend Is a Gumiho

Comedy Drama FHD 2010

ီတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ တစ်ခေတ်တစ်ခါက အရမ်းနာမည်ကြီး လူကြိုက်များခဲ့တဲ့ သဘာဝလွန်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အဓိကသရုပ်ဆောင်တွေကလည်းနာမည်ကြီး Lee Seung-Gi၊ Shin Min-Ahနဲ့ No Min-Wooတိုပဲ ဖြစ်ကြပါတယ်။ဇာတ်လမ်း အကျဥ်းချုံးလေးကတော့...သာမန်ကောလိပ်ကျောင်းသားလေးဖြစ်တဲ့ Cha Dae-woongရဲ့ အိပ်မက်ကအက်ရှင်မင်းသားတစ်ယောက်ဖြစ်ဖိုပေမဲ့ အဖိုးဖြစ်သူက သဘောမတူလို...အဖိုးဆီကနေ ထွက်ပြေးလာရင်း အမြီးကိုးချောင်းနဲ့ မြေခွေးမလေးဖြစ်တဲ့ Gumihoကို ပိတ်လှောင်ထားတဲ့ ပန်းချီကားရှိရာ ဘုရားကျောင်းကို ရောက်သွားပါတယ်။အဲဒီမှာပဲ သူဟာ Gumihoရဲ့ လှည့်စားခိုင်းစေမှုကြောင့် မြေခွေးမ‌လေးကို လွှတ်ပေးမိမှန်းမသိ လွှတ်ပေးမိသွားပါတော့တယ်။Gumihoကို လွှတ်ပေးလိုက်မိတဲ့ Dae-woongတစ်ယောက် မြေခွေးမလေးနဲ့ နှစ်ယောက်တူတူနေလာဖို ဖြစ်လာတဲ့ အခါမှာတော့....လူသားဖြစ်ချင်တဲ့ မြေခွေးမလေးကရော လူသားဖြစ်ခွင့်ရသွားမလား လူသားနဲ့ မြေခွေး အသွင်မတူတဲ့ အရာနှစ်ခုကရော ပေါင်းစည်းလိုရနိုင်မှာလားဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ပြန်လည်ကြည့်ရှုခံစားလိုက်ရအောင်‌နော်။