အလွန်တရာမှ ဉာဏ်ထက်မြက်လှတဲ့ စုံထောက်တစ်ယောက်ဖြစ်တဲ့ Guan Cen။ ဘယ်လောက်ပဲခက်ခဲတဲ့ အမှုကိစ္စပဲဖြစ်ဖြစ် သူ့လက်ထဲကိုရောက်သွားရင်ကလေးမုန့်စားသလို အလွယ်တကူဖြေရှင်းသွားနိုင်တဲ့အထိကို တော်ပြီးထက်မြက်တဲ့စုံထောက်တစ်ယောက်။ ငယ်ဘဝအတွေ့အကြုံတစ်ခုကြောင့် ရဲဖြစ်လာရတဲ့ ထက်မြက်ပြီးတော့ရဲရင့်တဲ့ ရဲမေလေး Lu Yizhen ကတော့ Guan Cen နဲ့ဆိုရင်ကြောင်နဲ့ကြွက်လိုမျိုးအချင်းချင်းမတည့်ကြပါဘူး။ ဒါပေမဲ့လည်းကံကြမ္မာက သူတိုနှစ်ယောက်ကိုမှ ထူးဆန်းတဲ့အမှုကိစ္စတွေကြားထဲကို တွန်းပိုခဲ့ပြီး နှစ်ယောက်အတူလက်တွဲကာအမှန်တရားကိုရှာဖွေဖိုအကြောင်းဖန်လာခဲ့ပါတယ်။ ဒီလိုမျိုး ace နှစ်ယောက်ဆုံတွေ့သွားခဲ့ပြီးတော့ ဆန်းကြယ်တဲ့အမှုကိစ္စတွေကိုဖြေရှင်းကြရတဲ့အခါမှာတော့ ...အမှုတွေက သည်းထိတ်ရင်ဖိုစရာကောင်းနေပြီး တဖြည်းဖြည်းနက်နဲလာတဲ့အခါ...သူတိုတွေအမှုကိုဖြေရှင်းနိုင်မလား? အမှုကိစ္စတွေထဲက ပဟေဠိတွေကိုဖြေရှင်းနိုင်ပါ့မလား? မကြာခင်မှာပဲ ဒီစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေတဲ့ မှုခင်းဇာတ်လမ်းလေးကို SoulKingdom ကနေတင်ဆက်ပေးမှာဖြစ်လို အားလုံးစောင့်မျှော်ကြည့်ရှုလိုရနေပါပြီနော်။