ဒီဇာတ်လမ်းလေးက( Love in Pavilion )ဇာတ်လမ်းလေးရဲ့အဆက်လည်းဖြစ်ပါတယ်။ဝမ်ချွမ်ဖူကွေ့ဟာ ဝမ်ချွမ်အိမ်တော်ရဲ့ အရှင်သခင်ဖြစ်တဲ့ ဝမ်ချွမ်ဟုန်ယဲ့နဲ့ တုန်းဖန်းဟွိုင်ကျူ တို့ရဲ့သားလှရတနာလေးတစ်ဦးဖြစ်ပြီး မိသားစုထဲမှာ ခွန်အားအကြီးမားဆုံသားတော်လေးတစ်ဦးဖြစ်ပါတယ်။ဖူကွေ့ဟာငယ်စဉ်ကတည်းက ဘဝကိုလွတ်လွတ်လပ်လပ် မဖြတ်သန်းခဲ့ရဘဲ တာအိုစစ်သည်တော်ကောင်း တစ်ဦးဖြစ်အောင် ဖခင်ရဲ့ဆုံးမသင်ကြားမှုအောက်မှာ နေ့စဉ်နှင့်အမျှ ပုံသွင်းရိုက်ခတ်ကြီးပြင်းလာခဲ့ရပါတယ် ။ ဒီလိုမျိုးရှင်သန်ခဲ့ရတဲ့ဘဝထဲကို နွေဦးကာလမှာပွင့်လန်းလာတဲ့ပန်းပွင့်လေးတွေကို ချစ်ခြင်းမေတ္တာနွေးထွေးမှုကိုယူဆောင်လာမယ့် မိန်းမပျိုလေးကတော့ ချင်းထုန်ဆိုတဲ့ပင့်ကူမိစ္ဆာငယ်လေးပဲဖြစ်ပါတယ်။ ချင်းထုန်ဆိုတဲ့ကောင်မလေးကဒီတိုင်းရောက်လာတာမဟုတ်ဘဲ အဆိပ်မိန်းမပျို၏စေခိုင်းချက်အရ ဝမ်ချွမ်မိသားစုထဲကိုသူလျှိုအဖြစ်ဝင်ရောက်လာခဲ့ပါတယ်။• နှလုံးသားမာကြောခက်ထန်ပြီး အထီးကျန်နေတဲ့ဘဝထဲကို နေရောင်ခြည်လို နွေးထွေးမှုပေးမယ့်ချင်းထုန်လေးရောက်လာတဲ့အခါ…. • ချင်းထုန်ကလဲ ဖူကွေ့ရဲ့အကူအညီနဲ့ သူ့ဘဝရဲ့လွတ်လပ်မှုကိုရရှိခဲ့သလို သူတို့နှစ်ဦးရဲ့သံယောဇဉ်ကြိုးတွေကလဲ တစ်စထက်တစ်စပို ခိုင်မြဲလာကြရင်း… • သူတို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းက သာယာချောမွေ့ပါ့မလား… • ဖူကွေ့ကရော ကိုယ်ချစ်ရတဲ့ မိန်းကလေးနဲ့ အတူရှိနိုင်ဖို့ ဘယ်လိုတွေကြိုးပမ်းမလဲဆိုတာကို …ဝမ်ချွမ်ဖူကွေ့ရဲ့ ဇာတ်လမ်းလေးကို ဇာတ်ရှိန်အနိမ့်အမြင့်အတက်အကျ အတိုင်း လိုက်ပါကြည့်ရှု့ခံစားလိုက်ရအောင်လား