နှစ်တစ်ရာကြာအောင်ကြိုးစားကျင့်ကြံလာခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီး တစ်နေ့မှာမိုးကြိုးကပ်ဘေးကိုခံယူပြီး အထက်ကောင်းကင်ဘုံသို အောင်အောင်မြင်မြင်ပျံတက်နိုင်မယ်ထင်ထားခဲ့ပေတယ်။ ဒါပေမဲ့ ဘယ်သူထင်ထားမိမှာလဲ တစ်ခါတည်း မိုးကြိုးကပ်ဘေးအချက်ပေါင်းတစ်ရာ အပစ်ခံရပြီးနောက် ရုပ်ခန္ဓာရောစိတ်ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရပြီး နောက်ဆုံးမှာ ကျောက်အိမ်တော်ရဲ့ ၄ယောက်မြောက်သား ပါရမီမပါသောအသုံးမကျသူလေး Zhao Feiyangနဲ့ပေါင်းစပ်ပြီး အသက်ဆက်ခဲ့ရရှာတယ်။ စစချင်းမှာတင်ပဲ စေ့စပ်စာချုပ်၃ခုနဲ့ အိမ်တော်တည့်တည့် လက်ထပ်ခွင့်လာတောင်းနေလေတဲ့အခါ နွားအိုမြက်နုကြိုက်ပြီးပဲ အိမ်ထောင်ရေးကိုအစပြုလေတော့မလား ???ဒါမှမဟုတ် ဒီအပယ်ခံခန္ဓာကိုယ်နဲ့ ကောင်းကင်ဘုံတက်လှမ်းဖို ဆက်ကြိုးစားဦးမှာလား ???သူ့ရဲ့ဘဝကြီးကရော ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားဖွယ် အတက်အကျတွေနဲ့ပြည့်နေမလဲဆိုတာကိုတော့….?