The Snow Queen FHD

The Snow Queen

Drama Romance FHD 2006

အသက်၁၇နှစ်အရွယ် ဟန်ထယ်အွန်း (Hyun Bin)ဟာ သင်္ချာဉာဏ်ကြီးရှင်ဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ဂင်‌ဂျောင်ဂယူနဲ့ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။တစ်နေ့မှာ ထယ်အွန်းနဲ့ ဂျောင်ဂယူဟာ နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ကြရင်း ထယ်အွန်းက ရွှေတံဆိပ်ဆုရရှိသွားပြီး၊ ဂျောင်ဂယူကတော့ သူ့အဖေ‌ မျှော်လင့်ထားသလို ရွှေတံဆိပ်ဆုကိုမရခဲ့တာကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ဒီကိစ္စကြောင့်ပဲ ထယ်အွန်းဟာ အပြစ်ရှိစိတ်ဖြစ်ပြီး ကျောင်းထွက်ကာ ‌‌လုံးဝပျောက်ကွယ်သွားခဲ့တာကြောင့် သူနဲ့ ရင်းနှီးတဲ့ ကလေးမလေးနဲ့ပါ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။အဲဒီလိုနဲ့ ၈နှစ်အကြာမှာတော့ ထယ်အွန်းဟာ အမည်မသိလက်ဝှေ့သမားအဖြစ် ပြန်ပေါ်လာခဲ့ပြီး လှပပြီး သွေးအေးတဲ့ သူ‌ဌေးသမီးလေး ဂင်ဘိုရာ(Sung Yu Ri)နဲ့ တွေ့ဆုံခဲ့ပါတယ်။ စိတ်ဒဏ်ရာတွေ ရှိနေတဲ့ ဒီကောင်လေးနဲ့ သူဌေးသမီးလေးတို့ရဲ့အချစ်ဇာတ်လမ်းက ဖြောင့်ဖြူးပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။