ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့ ကျွန်တော်တို အားလုံး အတူပြန်မြင်ချင်ကြတဲ့ Uncontrollably Fond အတွဲ Kim WooBin နဲ့ Bae Suzy တို ပြန်ဆုံကြတဲ့ Genie, Make A Wish ဆိုတဲ့ rom-com fantasty အမျိုးအစား ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ မင်းသား Kim Woo Bin, မင်းသမီး Bae Suzy, မင်းသမီး Ahn Eun Jin, မင်းသား Noh Sang Hyun, မင်းသား Ko Kyu Pil, မင်းသမီး Lee Joo Young တိုနဲ့အတူ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။-ဇာတ်လမ်းအညွှန်း-အဘွားဖြစ်သူရဲ့ စောင့်ရှောက်မှုအောက်မှာ တစ်သက်လုံးဖြတ်သန်းလာခဲ့တဲ့ အေးစက်စက်ကောင်မလေး ဂါယောင်း (Bae Suzy) ဟာ တစ်နေ့မှာတော့ မီးခွက်တစ်လုံးကို မထင်မှတ်ဘဲ တက်နင်းမိပြီး နှစ်ထောင်ပေါင်းများစွာက လျှိဝှယ်ဆန်းကြယ် ဝိညာဉ်တစ်ခုဖြစ်တဲ့ မီးခွက်စောင့်ဘီလူး ဂျင်နီ(Kim Woo Bin) ကို နှိးမိသွားခဲ့ကာ ဂျင်နီဆီကနေ ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ ဆုတောင်း ၃ ခု ရရှိခဲ့ပါတယ်။ဂျင်နီရဲ့ မှော်ပညာတွေက ဂါယောင်းရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ ဘဝလေးကို လှုပ်ခတ်စေလာတဲ့အပြင် ဂျင်နီအတွက်လည်း သူနဲ့မရင်းနှီးတဲ့ ခေတ်သစ်ကို တွေ့ကြုံလိုက်ရတဲ့အခါမှာတော့ နှစ်ဦးသား တစ်ယောက်ကို တစ်ယောက်ကူညီပေးရင်း ထူးဆန်းတဲ့ချစ်ခြင်းမေတ္တာကို ခံစားလိုက်ရပါတယ်။ သိုသော်လည်း ဖြစ်လာမဲ့ ကိစ္စတွေဆိုတာ မခန့်မှန်းနိုင်တဲ့အရာမျိုး ဖြစ်တဲ့အခါ ကောင်မလေး ဂါယောင်းနဲ့ မီးခွက်စောင့်ဘီလူး ဂျင်နီတို ဘယ်လိုရင်ဆိုင်ကြမလဲ သူတိုနှစ်ယောက်ရဲ့ အချစ်ပုံပြင်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။