အခုတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့ BL နဲ့ Fantasy fan တွေအကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတွဲအသစ်ကလေး My Secret Vampire ပဲဖြစ်ပါတယ် .. သရုပ်ဆောင်တွေအနေနဲ့ Yu Shin, Park Dong Ju, Lee Tae Hyung နဲ့ Up10tion က Lee Dong Yeol, Lee Ju Young စတဲ့ ကောင်လေးငယ်ငယ်ချောချောလေးတွေ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း **************ကျေးလက်ဒေသမှာ ဖခင်ဖြစ်သူနဲ့အတူ တစ်သက်လုံးနေထိုင်လာခဲ့တဲ့ ဒုံဟာဟာ အထီးကျန်နေတဲ့သူတစ်ဦးဖြစ်တဲ့အလျောက် ဒုံဟာ့ဖခင်ရဲ့နောက်ဆုံးဆန္ဒဟာ သားဖြစ်သူ မြို့ပေါ်တက်ပြီးနေထိုင်ဖို့ပါပဲ...တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ပြီး မြို့ပေါ်တက်လာတဲ့ ဒုံဟာတစ်ယောက် သုတေသအတွက် သွေးလှူပေးရင် အလကားနေလို့ရမယ်ဆိုတဲ့ အိမ်တစ်လုံးကို ရှာတွေ့ခဲ့ပြီး .. တစ်အိမ်တည်းအတူနေတဲ့သူက တက္ကသိုလ်က အတန်းဖော်ဖြစ်နေတဲ့အပြင် သွေးစုပ်ဖုတ်ကောင်တစ်ဦးဖြစ်နေတဲ့အခါ .. ဒုံဟာတစ်ယောက် သွေးစုပ်ဖုတ်ကောင်တွေရှိနေတဲ့ အိမ်ထဲ ဘယ်လိုနေသွားမလဲ ..သွေးစုပ်ဖုတ်ကောင်တွေကရော ဒုံဟာရဲ့ ဖြူစင်မှုကို မြင်တွေ့ပြီး သဘောကျသွားတဲ့အခါ ဘယ်လိုတွေ ယှဉ်ပြိုင်ကြမလဲဆိုတာကို My Secret Vampire ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာကြည့်ရှုအားပေးကြပါဦးနော် ..