Hostage FHD

Hostage

2025 August လရဲ့ ပူပူနွေးနွေး အသစ်ထွက် စီးရီးအလန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဗြိတိသျှကားတွေနဲ့ ဗြိတိသျှလေသံ စကားတွေကို ကြိုက်နှစ်သက်ပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ဇာတ်လမ်းတွဲကို ကြည့်ချင်တဲ့လူတွေ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ကားလေးဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်း အသစ်ရွေးချယ်ခံထားရတဲ့ ဗြိတိသျှဝန်ကြီးချုပ် အက်ဘီဂေး ဒေါ်တွန်ဟာ နိုင်ငံတွင်းအခြေခံကျန်းမာရေးဝန်ဆောင်မှုတွေကို အစိုးရဘက်က ပျက်ကွက်လို့ လိုအပ်တဲ့ဆေးဝါးတွေ ပြတ်လပ်ရှားပါးနေတဲ့ ကပ်ဘေးဆိုက်နေပါတယ်။ဒါ့အပြင် ရွှေ့ပြောင်းနိုင်ငံသားတွေဟာလည်း အီဘိုလာရောဂါပိုးကူးစက်ထားပြီးဘယ်နိုင်ငံကမှ မခေါ်ချင်တဲ့ အနေအထားမှာ ပြင်သစ်နဲ့ ဗြိတိန်တို့ ခေါင်းကိုက်နေကြပါတယ်။အဲဒီအချိန်မှာ ပြင်သစ်နိုင်ငံ ဂီယာနာဘက်မှာ စေတနာ့ဝန်ထမ်း ဆေးဝါးစစ်ဆေး ကုသမှုပေးနေတဲ့ဝန်ကြီးချုပ် အက်ဘီဂေးရဲ့ အမျိုးသားတို့ ဆရာဝန်အဖွဲ့ကို ပြန်ပေးဆွဲသွားကြပြီး အသက်ရှင်လျက် ပြန်လိုချင်ရင်အက်ဘီဂေးကို တာဝန်ကနေနှုတ်ထွက်ဖို့ ပြောလာပါတယ်။ ပြင်သစ်ပိုင်နက်ထဲမှာ ဖြစ်တာမို့ ပြင်သစ်သမ္မတကို အကူအညီတောင်းတဲ့အခါ ပြင်သစ်သမ္မတရဲ့နားလှည့်ပါးရိုက် အကွက်တွေ ကြုံလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ ဆက်လက်ကြည့်ရှုရမှာပါ။

အပိုင်းများ

Season 1