အိမ်ရှေ့စံ အီဟွမ်က လူတွေအပေါ်မှာ မောက်မောက်မာမာ ခက်ခက်ထန်ထန် ဆက်ဆံလေ့ရှိတဲ့မင်းသားတစ်ပါးဖြစ်တယ်… ဒါပေမဲ့ အဲဒီအိမ်ရှေ့စံမှာလျှို့ဝှက်ဆန်းကြယ်တဲ့ ကျိန်စာတစ်ခုရှိနေတယ်…အဲဒီကျိန်စာရဲ့နောက်ဆက်တွဲ အကျိုးဆက်ကြောင့်ပေါင်းသင်းဆက်ဆံရေး အားနည်းပြီး အထီးကျန်ဆန်လွန်းတဲ့ပျင်းရိစရာဘဝကိုပိုင်ဆိုင်ထားရပါတယ်..တစ်ဖက်မှာတော့ မင်ဂျယ်ရီဆိုတဲ့မိန်းမပျိုလေးကလည်း မြင့်မြတ်တဲ့ အထက်တန်းလွှာမိသားစုမှ မွေးဖွားလာတဲ့ထက်မြက်တဲ့ မိန်းမပျို တစ်ယောက်ဖြစ်တယ်… ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့တစ်မိသားစုလုံး ရုတ်တရက် အသတ်ခံလိုက်ရပြီးသူ့ကိုပါ လူသတ်သမားလို့ စွပ်စွဲခံလိုက်ရတယ်သူ့ကို ဖမ်းမယ့်သူတွေလက်က ရှောင်ပြေးနေတဲ့အချိန်မှာ ကျိန်စာသင့်နေတဲ့မင်းသားလေးနဲ့ တွေ့ဆုံခဲ့ကြရာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်