Our Golden Days FHD

Our Golden Days

ဇာတ်လမ်းအညွှန်း-အီဂျီဟျော့ (Jung Il Woo) ကတော့ အချစ်ရေးရော အလုပ်မှာရော အရည်အချင်းရှိသူတစ်ယောက်ပြီးသွေးအေးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဂျီအွန်းအို (Jung In Sun) ကတော့ တက်ကြွတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ကော်ဖီဆိုင်မန်နေဂျာနဲ့ အိမ်အတွင်းပိုင်းဒီဇိုင်းပညာရှင်လေးပါ။အွန်းအိုဟာ ဂျီဟျော့အပေါ်မှာ တစ်ဖက်သတ်ချစ်မိနေခဲ့ပေမဲ့ ဂျီဟျော့က သူ့အချစ်ကို ငြင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့လည်း အွန်းအိုက ဂျီဟျော့အနားမှာပဲ ရှိနေပေးဆဲပါပဲ။ ဂျီဟျော့ရဲ့ သူငယ်ချင်းအရင်းဘတ်ဆောင်းဂျယ် (Yoon Hyun Min) ကတော့ ငွေကြေးပြည့်စုံတဲ့ မိသားစုကမွေးဖွားလာရပေမဲ့အထီးကျန်တဲ့ဘဝကို ဖြတ်သန်းနေရသူတစ်ယောက်ပါ။ဂျီဟျော့ကတော့ အချစ်ရေးနဲ့ သူငယ်ချင်းသံယောဇဉ်ကြားမှာ ရွေးချယ်ရခက်နေတဲ့သူပေါ့။ဇာတ်လမ်းထဲမှာတော့ လူကြီးတွေနဲ့ လူငယ်တွေက ကိုယ်စီနာကျင်ရတဲ့ ခံစားချက်တွေကိုမျှဝေခံစားပြီး ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိကြတဲ့ပုံကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဇာတ်ညွှန်းရေးဆရာမကလည်း တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ Seoyoung My Daughter,49 days တို့ကို ရေးသားခဲ့တဲ့သူဆိုတော့ ဇာတ်လမ်းကောင်းမှာကတော့ အသေအချာပဲမို့လို့အပတ်စဉ် စနေ၊တနင်္ဂနွေတိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။