ဇာတ်လမ်းအကျဉ်းမာဂရေ့ဗ်ဆိုတဲ့ မြို့လေးက နှစ် ၃၀ ကြာတဲ့အထိ လူသတ်မှုတို့ အမှုအခင်းတို့ ကင်းရှင်းတဲ့သာယာတဲ့မြို့လေးပေါ့ဗျာ။ဒါပေမယ့် ဂျက်ရစ်ချာဆိုတဲ့ ဘဲကြီး အဲဒီမြို့ကို စရောက်လာတာနဲ့လူသတ်မှုတွေက တစ်ခုပြီးတစ်ခုဖြစ်ပါလေရော။ ကွင်းဆက်လူသတ်မှုလို့ထင်ရလောက်အောင်ရက်ရက်စက်စက်သတ်ဖြတ်ထားတာတွေပေါ့ဗျာ။ဒီတော့ ရဲတွေက ရစ်ချာကို သံသယတရားခံအနေနဲ့ ဖမ်းလိုက်ကြတာပေါ့။ဒါပေမယ့် ရစ်ချာဆိုတဲ့ဘဲကလည်း ခေသူမဟုတ်။ သူက အနားယူထားတဲ့ စစ်တပ်ဘက်ကရဲအရာရှလေ။ဒီနယ်ပယ်ရဲ့အလုပ်လုပ်ပုံတွေ နောက်ကွယ်က လှည့်ကွက်တွေကို သူများထက် ကြိုမြင်နိုင်တာပေါ့။နောက်ဆုံး သူမှားယွင်းစွပ်စွဲခံရတာကို သက်သေပြနိုင်သွားတော့ ရဲတွေဘက်ကနေပြီး ဒီအမှုကိုလိုက်ဖို့အကူအညီပြန်တောင်းပါလေရော။အသတ်ခံလိုက်ရတဲ့လူတွေထဲမှာ သူ့ရဲ့တစ်ဦးတည်းသောအစ်ကိုဂျိုး လည်းပါနေတော့ လက်စားချေဖို့အတွက် ရစ်ချာက ဒီအလုပ်ကို လက်ခံလိုက်ပါတယ်။အဲဒီနောက်မှာ မာဂရေ့ဗ်ဆိုတာ တကယ်ပဲ အေးချမ်းတဲ့မြို့လေးဟုတ်ရဲ့လား။ မြို့ဝန်ကစပြီးစီးပွားရေးသမားတွေ နိုင်ငံရေးသမားတွေ ရဲတွေအထိဘယ်သူတွေက ဒီကိစ္စမှာ ပါဝင်ပတ်သတ်နေတာလဲ။“မူးယစ်ဆေး၊ သေနတ်၊ လူကုန်ကူးတာ…ဘယ်လိုအမှုပဲဖြစ်ဖြစ် ငွေကနေစတာပဲ” သူ့အစ်ကိုဂျိုးကရော အပြစ်ကင်းရဲ့လား။သဲလွန်စတွေကို ခြေရာခံပြီး ရှုပ်ထွေးလှတဲ့ ဇာတ်အိမ်မှာ ခေါင်းကိုမနားတမ်းအလုပ်ပေးရင်း ဘဲကြီးရဲ့ဖိုက်တင်ခန်းတွေကို ရင်သပ်ရှုမောကြည့်ရမှာပါ။