Beyond the Bar FHD

Beyond the Bar

Drama FHD 2025

ဇာတ်လမ်းအညွှန်းထိပ်တန်းဥပဒေရုံးတစ်ခုရဲ့ ရှေ့နေ ယွန်းဆော့ဟွန်း(Lee Jin Wook) က စကားနည်းပြီးအေးစက်တဲ့ပုံစံကြောင့် ချဉ်းကပ်ရခက်တဲ့လူဆိုပေမဲ့ အမှုကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ထူးချွန်တဲ့ဆရာတစ်ဆူဖြစ်တာမို့လို့ လုပ်ဖော်ကိုင်ဖက်နဲ့ ဂျူနီယာတွေ လေးစားရတဲ့ လူတစ်ယောက်ပါ။ဂန်ဟျိုမင်း(Jung Chae Yeon)ကတော့ အေးတိအေးစက်နိုင်တဲ့ ယွန်းဆော့ဟွန်းနဲ့ အလုပ်အတူတူတွဲလုပ်နေတဲ့ တက်သစ်စရှေ့နေမလေးပဲဖြစ်ပါတယ်။ တရားမျှတမှုကို လိုလားပြီး ယုံကြည်ချက်ရှိသူဖြစ်တာကြောင့် အထက်လူကြီးဖြစ်တဲ့ ယွန်းဆော့ဟွန်းနဲ့ မကြာခဏ အချေအတင်ဖြစ်တတ်ပါသေးတယ်။အမှု‌ပေါင်းစုံကို ကိုင်တွယ်ဖြေရှင်းရင်း ရှေ့နေကောင်းတစ်ဦးဖြစ်လာတာကိုပါ ကြည့်ရှု့ရမဲ့အပြင်နှစ်ယောက်ကြားထဲက တိုးတက်လာမဲ့ စိတ်ဝင်စားစရာ အပေးအယူမျှတပုံတွေကိုပါ မြင်တွေ့ရဦးမှာပါ။ဥပ‌ဒေရေးရာကိစ္စတွေနဲ့ အမှုဖြေရှင်းကြပုံတွေကို စိတ်ဝင်တစားကြည့်ရှုနိုင်စေဖို့ စနေနဲ့တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။