My (Im)Perfect Family FHD

My (Im)Perfect Family

Drama FHD 2025

နာမည်​ကြီး တွန်းဖာနစ်မျိုးရိုးမှ သူဌေးကြီးကျယူနဲ့ သူဌေးက​တော်မွေတို့မှာ အကျင့်စရိုက်လုံးဝမတူကြတဲ့ သားသုံးယောက် ရှိပါတယ်။သားဦးမို့ အမေက အရမ်းချစ်​ပြီးအရမ်းမျှော်လင့်ထားတဲ့ လူပွေလူရှုပ် ရတ်…..စာအရမ်းတော်ပြီး ထက်မြက်တဲ့အပြင် ရိုမန့်တစ်ဆန်ပြီး တစ်ယောက်ဆိုတစ်ယောက် အချစ်စစ်နဲ့ချစ်တတ်တဲ့ ရာဝီ…..အငယ်ဆုံးထုံးစံအတိုင်း လိုချင်တာမှန်သမျှ အကုန်ရရမယ်ဆိုတဲ့ ကလေးဆိုးလေး ရွန်နကွန် …သား၃ယောက်အနက် အ​မေဖြစ်သူ သခင်မ​မွေဟာ သားအလတ်ကို ​တော်​တော်​လေးအားမလိုအားမရဖြစ်တဲ့အပြင် ​ညီအစ်ကို​တွေကြားမှာလည်း ရာဝီဟာတော်​တော်​လေး အနစ်နာခံရသူဖြစ်ပါတယ်။တ​နေ့မှာ​တော့ စံအိမ်ကြီးရဲ့စီးပွား​ရေးတစ်ခုဖြစ်တဲ့ ဟိုတယ်အသစ်ဖွင့်ပွဲနေ့မှာ လူတွေရှုပ်လွန်းလို ညီအစ်ကို သုံးယောက် အပျင်းပြေ ကားမောင်းထွက်ကြရင်း စက်ဘီးစီးလတဲ့ “ရာနီ”ဆိုတဲ့ မိန်းကလေးကို တိုက်မိခဲ့ပြီး “ရာဝီ” ဟာ “ရာနီ”ကို မြင်မြင်ချင်းသဘောကျသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း မင်းသမီးရဲ့အ​ဒေါ်ဖြစ်သူနဲ့မင်းသားတိုရဲ့ နှစအိမ်တွင်း​ရေးတွေဟာသင့်မြတ်မှုရှိမ​နေပါဘူး။ဟိုတယ်ဖွင့်ပွဲနေ့မှာပဲ သခင်မ​မွေဟာ သားတွေရဲ့ ပြဿနာကို ဖြေရှင်းရရုံတင်မကဘဲယောကျာ်းဖြစ်သူမှာ နောက်ထပ် မယားငယ်နဲ့ရထားတဲ့ သားဖြစ်သူ “ချိန်တ်”ဆိုတဲ့တစယောက် ရှိနေတာကို သိလိုက်ရပါတယ်။ဒီ​တော့ စံအိမ် ၂ခုရဲ့အရှုပ်​တော်ပုံ​တွေကြားမှာ ​ပေါက်ဖွားလာတဲ့ချစ်ခြင်း​မေတ္တာ​တွေ….တွန်းဖာနစ်မျိုးရိုးရဲ့အိမ်တွင်း​ရေးအရှုပ်​တော်ပုံ​တွေအပြင်၊ မိခင်ဖြစ်သူရဲ့စည်းကမ်းတင်းကြပ်မှု​တွေသာမက လူ့ဂုဏ်အသိုင်းအဝိုင်း​အဆင့်အတန်းခွဲခြားမှု​တွေကိုတွေ့ရမယ့်အလန်းစားအချစ်ဒရာမာ​လေးဖြစ်လို့ လက်မလွှတ်တမ်း​စောင့်ကြည့်​ပေးကြပါဦး​နော်……..