တမီးလ်မင်းသားကြီး ဆာရာဗန်နန်ရဲ့ အသစ်ထွက်ရှိလာတဲ့စီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။ဆွန်ဒါရာမူသီဆိုတာ ရှေ့နေဖြစ်နေပေမဲ့ တရားရုံးဝင်းထဲက လက်ဖက်ရည်ဆိုင်လေးဘေးမှာပဲ စာချုပ်စာတမ်းရှေ့နေတစ်ယောက်အနေနဲ့ လုပ်ကိုင်နေတဲ့သူ။ အဲဒီလိုရှေ့နေဆီကနေ ထောက်ခံချက်ယူပြီး အငယ်တန်းရှေ့နေလုပ်ဖို့ကြိုးစားနေတာက အာရူနာ။ အရှုံးသမားလို့ အားလုံးဝိုင်းတံဆိပ်ကပ်ထားတဲ့လူဆီက ထောက်ခံချက်ယူလာပြီး အလုပ်လျှောက်ဖို့ကြိုးစားနေတဲ့ အာရူနာကိုလည်း ဘယ်ကမှလက်မခံ။ အိမ်က ကိုယ့်သားကတောင် အလေးစားမခံရတဲ့ ဆွန်ဒါရာမူသီတစ်ယောက် အာရူနာကို တွဲဖက်အဖြစ်ခေါ်ပြီးတရားရုံးဝင်းထဲမှာ ကိုယ့်ကိုယ်ကိုမီးရှို့သေသွားတဲ့လူတစ်ယောက်အမှုကို လိုက်ဖို့ကြိုးစားတဲ့အခါမှာတော့…။