The Legend of Heroes FHD

The Legend of Heroes

မက်မွန်မြေကချစ်တေးတစ်ပုဒ် or သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီအသစ်ထွက်ရှိလာတဲ့ The Legend of Heroes (2024)သိုင်းကားစစ်စစ်ဖြစ်ပါတယဂန္ဓာဝင်စာရေးဆရာကြီး ကျင်းယုံရဲ့ လက်ရာဖြစ်တဲ့Condor Trilogy ထဲက ပထမဆုံး စာအုပ်ကိုပြန်လည်ဆန်းသစ်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်သိုင်းကားစစ်စစ် ငတ်နေကြတဲ့ သိုင်ပရိသတ်တွေအတွက်တော့မျှော်လင့်ထားရမယ့် စီးရီးတွဲတခုဖြစ်ပါတယ်2020 နောက်ပိုင်း ဆရာကြီးကျင်းယုံရဲ့ Novel တွေကိုပြန်ရိုက်သမျှ Remake တွေလိုပဲ အစဉ်အလာမပျက်Fail ဦးမလား ဒါမှမဟုတ် အောင်မြင်မှာလားဆိုတာတော့ကျွန်တော်တို့ဆက်လက်ရှုစားကြရအောင်ပါရိုက်ကူးရေးမှာတော့Director ၅ ယောက် နဲ့ Screen Writer ၅ ယောက် ပါဝင်ထားပါတယ်Part တွေခွဲပြီးရိုက်ကူးသွားကြမှာဖြစ်ပြီးShen Li ရဲ့ ဒါရိုက်တာ အပြင် Legend Of Zhuo Hua ရဲ့ဒါရိုက်တာလဲပါဝင်ကြောင်းသိရပါတယ်ဇာတ်လမ်းကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေလဲပါဝင်ကြတာဖြစ်တဲ့အတွက်မျှော်လင့်ဖို့ထိုက်တန်တဲ့ Drama လေးတခုအဖြစ်သိုင်းပရိသတ်တွေရင်ခုန်နေမှာအမှန်ပါပဲဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထုဖြစ်တဲ့The Legend of the Condor Heroes (射鵰英雄傳) ကို၁၉၅၇ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ထုတ်ဝေခဲ့ပါတယ်အခု ထွက်လာမဲ့ Drama မှာတော့ Part 5 ခုခွဲပြီးရိုက်ကူးတင်ဆက်သွားမယ်လို့သိရပြီး စုစုပေါင်းအပိုင်း ၆၀ ပါဝင်မှာပါအရှေ့မက်မွန်ကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊မြောက်ပိုင်း သူဖုန်းစားနဲ့ အလယ်ပိုင်း သူတော်စင်တို့အကြောင်းကိုလဲအကျယ်တဝံ့ရိုက်ကူးတင်ဆက်မယ့်အခန်းတွေလဲပါပါတယ်ဒီဇာတ်လမ်းရဲ့ ခေတ်ကိုတော့ စုန့်မင်းဆက်မှာ အခြေခံထားပါတယ်။ကာလကတော့ ကျင်းလူမျိုးတွေ အင်အားကြီးမားနေချိန်၊ မွန်ဂိုတွေကသဲကန္တာရကို စိုးမိုးနေချိန်ပဲ ဖြစ်ပါတယ်။ စုန့်ဘုရင်ကလည်းစာပေအနုပညာကလွဲပြီး တိုင်းရေးပြည်ရေးကို စိတ်မဝင်စားတော့ပါဘူး။သူ့ရဲ့ အမတ်ချုပ်ကြီး ကျင့်ဟိုင်က သစ္စာရှိအမတ်တွေကို ရှင်းထုတ်ရင်းနန်းတွင်းမှာ အုပ်စိုးနေပါတော့တယ်။ စစ်သူကြီးယွဲ့ဖေးကို သတ်ဖြတ်ခဲ့ပြီးကျင်းလူမျိုးတွေနဲ့ စစ်ပြေငြိမ်းထားပါတယ်။ နေရာအနှံ့မှာလည်း အမတ်တွေအကျင့်ပျက်ပြီး ပြည်သူတွေကို ဖိနှိပ်နေချိန်ပါ။ ဒါကြောင့် သိုင်းလောကသားတွေဒီအတိုင်း ကြည့်မနေနိုင်တော့ဘဲ နေရာအနှံ့မှာ အကျင့်ပျက်အမတ်တွေကိုသုတ်သင်ရင်း တိုက်ပွဲတွေ ဖြစ်လာပါတော့တယ်။ ဒီတိုက်ပွဲတွေကြားထဲမှာ ညပ်ပြီးဒုက္ခရောက်သွားတဲ့ ကောမိသားစုနဲ့ ယန်မိသားစု၊ သူတို့ရဲ့ သားတွေဖြစ်တဲ့ကောကျင့် နဲ့ ယန်ခန်းတို့က အဓိက ဇာတ်ကောင်တွေဖြစ်လာပါတယ်။သိုင်းလောကထဲမှာတော့ ဒီကာလမှာ ထိပ်သီးကြီး ၅ ဦးပေါ်ပေါက်လာပါတော့တယ်။အရှေ့မက်မွန်ကျွန်းသခင်၊ အနောက်အဆိပ်၊ တောင်ပိုင်းဘုန်းကြီး၊ မြောက်ပိုင်း သူဖုန်းစားနဲ့အလယ်ပိုင်း သူတော်စင်တို့ပါပဲ။ ဒီဇာတ်လမ်းဟာ သိုင်းလောက နဲ့ နိုင်ငံရေးစစ်ရေးတွေကိုဟာကွက်မရှိအောင် ရေးသားထားတဲ့ ဂန္ဓာဝင်ဝတ္ထုကြီးကို ပြန်လည်ရိုက်ကူးထားတာပြီးအခု ဒီ Remake ဟာ Hit ဖြစ်လာမလား Fail သွားမလားဆိုတာကိုတော့ပရိသတ်ကပဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်