သရုပ်ဆောင်တွေအနေနဲ့ကတော့ Park Min-young, Kim Ha Eun, Yoon Joo Hee, Ahn Jae Mo, Choi Jin Hyuk, Choi Soo Jong, Jae Hee အစရှိတဲ့ သရုပ်ဆောင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** ဒီစီးရီးလေးကတော့ ကိုရီးယားတစ္ဆေပုံပြင်တွေဖြစ်တဲ့ – အမြှီးကိုးချောင်းမြေခွေးပုံပြင် – ဆာဂျင်းဓါးကျိန်စာ – ဆောင်ကြာမြိုင်တစ္ဆေဒဏ္ဍာရီ – တစ်ကျော့ပြန်မိန်းမပျို အစရှိတဲ့ မတူညီတဲ့ တစ္ဆေဇာတ်လမ်းတို ၈ ပိုင်းကို ပေါင်းစပ်တင်ဆက်ထားတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ တစ်ပိုင်းချင်းစီမှာ မတူညီတဲ့ ဇာတ်အိမ်နဲ့ ဇာတ်လမ်းရသတစ်မျိုးစီ ခံစားကြည့်ရှုရမှာ ဖြစ်တဲ့အတွက် Horror Story တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအနေနဲ့ ဒီစီးရီးလေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦး