crime, mystery, thriller, drama ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး IMDb rating 7.3 ရရှိထားတဲ့ NETFLIX ရဲ့ mini series တစ်ခုပဲဖြစ်ပါတယ်။Yosemite National park ထဲမှာဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့မှုခင်းဇာတ်လမ်းတွဲတစ်ခုပါ။ဇာတ်လမ်းအကျဉ်သဘာဝတောရိုင်းဥယျာဉ်ထဲက အမျိုးသမီးငယ်လေးတစ်ဦးတောင်ထိပ်ပေါ်ကပြုတ်ကျလာတဲ့အကြောင်းအရင်းကိုစုံစမ်းစစ်ဆေးရင်း သဘာဝတရားကြီးရဲ့လျှို့ဝှက်နက်နဲတဲ့အလှအပတွေထဲမှာ ရှုပ်ထွေးပွေလီလှတဲ့စရိုက်တွေနဲ့လူသားတွေဟာ သားကောင်ဖြစ်နေတာလား မုဆိုးဖြစ်နေတာလား ဆိုတာကိုလျှို့ဝှက်ချက်များစွာနဲ့စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။