The Defects FHD

The Defects

Kim Se Hui ( Yum jung ah)ဟာ ဆေးရုံကြီးတစ်ခုရဲ့ ဆေးရုံအုပ်ဖြစ်ပြီး ပရဟိတဖောင်ဒေးရှင်းတစ်ခုရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်.. သူရဲ့လူမသိတဲ့အချက်ကတော့ သူဟာ တရားမဝင်မွေးစားအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပြီးထူးချွန်ထက်မြက်တဲ့ မျိုးရိုးဗီဇပိုင်ရှင်တွေသာလျှင် ရှင်သန်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကိုလက်ကိုင်ထားသူဖြစ်နေတာပါ..ကလေးမွေးစားချင်တဲ့ မိဘတွေကို ဂေဟာက ကလေးတွေကို မွေးစားခွင့်ပေးပြီး အဲဒီမိဘတွေကစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ကလေးတွေကို ပြန်ပေးလာတဲ့အခါ ရက်ရက်စက်စက်သတ်ပစ်လေ့ရှိပါတယ်..အဲဒီလိုကလေးတွေထဲမှာမှ Kim A Hyeon ( Won jin Ah)က အသတ်ခံရမဲ့ ဘေးကနေကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့ပါတယ်..သူ့လို အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ကလေးတွေကို ကူညီထောက်ပံ့ပေးရင်း လူမဆန်လှတဲ့ဆေးရုံအုပ်ကြီးကို ဘယ်လိုမျိုး လက်စားချေတုံ့ပြန်သွားမလဲဆိုတာကိုသည်းထိတ်ရင်ဖိုစောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော် ..

အပိုင်းများ

Season 1