Partners for Justice FHD

Partners for Justice

အခုတစ်ခါမှာတော့ မှုခင်းဇာတ်ကားအမျိုးအစားကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် 2018 တုန်းက ထွက်ရှိခဲ့တဲ့ Partners forJustice ဆိုတဲ့ နာမည်ကြီးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်Cast တွေအနေနဲ့ကတော့ You call it passion ထဲက မင်းသားကြီး Jung Jae Yong , Queen Woo, Rooftop prince က မင်းသမီးလေး Jung Yoo Mi, Penthouse ကားထဲက Park Eun Seoksoo , အားလုံးရဲ့ အချစ်တော်ဂင်ချားနားအိုပါးတို့အပြင် အခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်~ ဇာတ်လမ်းအညွှန်း ~မှုခင်းသိပ္ပံပညာရှင်အဖြစ် ၁၀ နှစ်ကြာလုပ်ကိုင်နေတဲ့ ဒေါက်တာဘဲ့ဘွန်းကတော့ အလုပ်လုပ်ရာမှာ အင်မတန် အရည်အချင်းရှိပြီး ထူးချွန်ပေမဲ့လည်း ကြေးများပြီး ဇီဇာကြောင်တဲ့ အကျင့်ကြောင့် ပေါင်းသင်းရခက်တဲ့လူကြောင်တစ်ယောက်လို့ သတ်မှတ်ခံရထားသူပဲဖြစ်ပါတယ်ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာပေမဲ့လည်း ကိုယ်ပိုင်အစွမ်းစနဲ့ အမှုစစ်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့သူအွန်ဆိုးလ်ဟာ အရှေ့ပိုင်းခရိုင် အမှုစစ်ရုံးမှာ ဝင်ရောက်လုပ်ကိုင်နေပြီး လူသစ်လေးပီပီ တက်တက်ကြွကြွနဲ့ အမှုတွေကို ဖြေရှင်းဖို့အတွက် စိတ်အားထက်သန်နေသူလေးပေါ့ဒီလိုနဲ့ အကျင့်စရိုက်ချင်း မတူညီကြတဲ့ ဒေါသအိုး မှုခင်းသိပ္ပံပညာရှင် ဘဲ့ဘွန်းနဲ့ အကောင်းမြင်စိတ်ရှိပြီးစိတ်သဘောထားနူးညံ့တဲ့ အမှုစစ်မလေး‌ အွန်ဆိုးလ်တို့ အတူတူ လက်တွဲပြီး ကွင်းဆက်လူသတ်မှုကိုဖြေရှင်းဖို့ ဖြစ်လာတဲ့အခါမှာတော့ …။ဒီကားလေးထဲမှာတော့ စုံစမ်းရေးမှူး , မှုခင်းသိပ္ပံပညာရှင်နဲ့ အမှုစစ်တွေက လျှို့ဝှက်ဆန်းကြယ်တဲ့ကွင်းဆက်လူသတ်မှုရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်ပြီး တရားခံကို ဖမ်းဆီးနိုင်ဖို့အရေးဘယ်လိုတွေ ကြိုးစားသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေ အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်