Low Life FHD

Low Life

Crime Drama FHD 2025

ဇာတ်ရူပ်ဇာတ်ထုပ် လှည့်ကွက်များနဲ့ အကြမ်းစားအမိုက်စားအက်ရှင်တွေပါဦးမဲ့နောက်ထပ်ဇာတ်လမ်းတွဲလေးတစ်ခု ထွက်ရှိလို့လာပါပြီ။Doona ဇာတ်လမ်းတွဲပြီးနောက် ပြန်လည်ရောက်ရှိလာတဲ့ မင်းသား Yang Se-Jongရဲ့ဇာတ်ကားသစ်လေးဆိုလည်း မမှားပါဘူး..ဒါ့အပြင် ဝါရင့်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Ryu Seung Ryong, Lim Soo Jung,Kim Eui Sung စတဲ့ သရုပ်ဆောင်များစွာလည်း ပါဝင်ထားတာမို့လို့ ကြမ်းကြမ်းရမ်းရမ်းမှကြိုက်ပါတယ်ဆိုသူများကတော့ ဒီဇာတ်လမ်းလေးကို လက်မလွှတ်သင့်ပါဘူးနော်…ဇာတ်လမ်းအညွှန်း-အိုဟီးဒုံဟာ ငယ်ငယ်လေးကတည်းက ပိုက်ဆံရမည်ဆို အကုန်လုပ်သည့် ဦးလေးဖြစ်သူ အိုဂွမ်ဆော့ရဲ့လက်အောက်မှာ ကြီးပြင်းလာရသူဖြစ်ပြီး ဒုစရိုက်လောကနဲ့ အသားကျနေခဲ့သူဖြစ်ပါတယ်။တစ်နေ့မှာတော့ အမြတ်ရမည်ဆိုပါက တရားဝင်ဝင် မဝင်ဝင်ဂရုမစိုက်သည့် ဦးလေးဆီကမ်းလှမ်းချက်တစ်ခုရောက်လာပါတော့တယ်။ ဂျော်လာဒိုတောင်ဘက် ရှင်းအန်ကျွန်းစုနိုင်ငံရဲ့ ‘ပင်လယ်‌အောက်မှာ နစ်မြုပ်နေတဲ့သင်္ဘောကြီးထဲမှာ ရှေးဟောင်းမင်းဆက်များရဲ့အဖိုးတန်ရတနာတွေ ပါဝင်နေပြီး အဲဒီရတနာများကို ပြန်ဆယ်ယူကာ အဖတ်ဆယ်ဖို့ဖြစ်ပါတယ်။သို့ပေမဲ့ ထိုအချီကြီးပွမဲ့ သတင်းထူးဟာ တစ်ဆင့်နားတစ်ဆင့်ကြားကာ တခြားလောဘသားများဆီကိုပါပြန့်နှံ့သွားလေသောအခါ…