Jujutsu Kaisen Movie တို့ Ninja Kamui တို့ကို ဖန်တီးပေးထားတဲ့ ဒါရိုက်တာပဲ ဖြစ်ပါတယ်။ရုပ်သံထုတ်လွှင့်တာ မဟုတ်ပဲ Streaming Site ကနေ ထွက်လာတာဖြစ်တဲ့အတွက်၈ ပိုင်းဆက်တိုက် ထွက်ရှိလာပြီး ကျန်တဲ့အပိုင်းတွေကို August လထဲ အပြီးထွက်လာဖို့ ရှိပါတယ်။ဇာတ်လမ်း ဇာတ်အိမ်ကတော့ သာမန် Anime တွေနဲ့ ကွဲထွက်ပြီး အနာဂတ်ခေတ်ပျက်ဆန်ဆန်မှာMad Max တို့လို ကားအက်ရှင်တွေနဲ့ သူခိုးဖောက်ထွင်းရေး Heist ရုပ်ရှင်အထာဆန်ဆန် ပုံဖော်ထားတာပါ။ဒီတော့ ဇာတ်လမ်းအကျဉ်းလေး ဆက်လိုက်ရအောင်။ အနာဂတ်ကမ္ဘာပျက်တစ်ခု နံရံပိတ်မြို့ကြီးတစ်မြို့မှာပိုလာဝက်ဝံတစ်ကောင်ရယ် စရိုက် ၄ မျိုးရှိတဲ့ စက်ရုပ်တစ်ရုပ်ရယ်နဲ့အတူ အမှိုက်ပစ္စည်းကောက်ပြီးရှင်သန်စားသောက်နေတဲ့ Gear ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ Gear တို့က ဒီအလုပ်အပြင်ပစ္စည်းခိုးဘာခိုး အပြင်အလုပ်လေးတွေလည်း ခိုးကစ်လေ့ရှိတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ချောချောလှလှကောင်မလေးတစ်ယောက်ကနေ သူ့အဖေပိုင်တဲ့ အမှတ်တရပစ္စည်းလေးကို ကုမ္ပဏီတစ်ခုကနေ ခိုးယူပေးပါအခကြေးငွေလည်း ကောင်းကောင်းပေးမယ်ပေါ့လေ။ ကောင်မလေးမျက်နှာနဲ့ ငွေမျက်နှာကြောင့်တစ်ဖွဲ့လုံး ဒီပစ္စည်းကို ခိုးတဲ့အချိန်မှာ သာမန်အလုပ်တစ်ခုမဟုတ်ပဲ နောက်ကွယ်မှာ အရှုပ်ထုပ်တွေရှိတာကိုသိလာပြီး Gear တို့တသိုက် ဘယ်လိုပျားတုပ်ကြမလဲဆိုတာကို ခပ်မိုက်မိုက် ကြည့်ရမယ့်Anime စီးရီးကောင်းလေးပဲ ဖြစ်ပါတယ်ဗျာ…။ Opening Song ကလည်း ရှယ်ကို မြူးကြွစွာနဲ့ အမိုက်စားနော်။