S Line FHD

S Line

ပဟေဠိဆန်ဆန် မှုခင်းဇာတ်ကားတွေမှ ကြိုက်လှပါပေ့ဆိုသူများအတွက် မင်းသားချောLee Soo-Hyuk ရဲ့ Fantasy Thriller ဒရမ်မာသစ်လေး ထွက်ရှိလို့လာပါပြီ။မင်းသမီးတွေကလည်း Lee Da-Hee , Oh My Girl အဖွဲ့ဝင် Arin နဲ့ လက်ရှိပြသနတဲ့BitchxRich S2 ထဲက Lee Eun-Saem တို့ဆိုတော့ ရှယ်တကာ့ ရှယ်တွေချည်းပဲနော်။– ဇာတ်လမ်းအကျဉ်း –ဘန်ဂျူအထက်တန်းကျောင်းက ကျောင်းသူလေး ရှင်းဟျွန်းဟု (Arin) ဟာဆိုရင်မွေးကတည်းက S Line ကို မြင်ရတဲ့ ထူးခြားစွမ်းရည်ကို ပိုင်ဆိုင်ထားသူလေးပါ။အဲဒီ S Line ကတော့ sex relationship ရှိထားဖူးသူတွေရဲ့ ဦးခေါင်းထက်မှာဆက်သွယ်နေတဲ့ မျဉ်းနီလေးကို ဆိုလိုတာပဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်နေ့မှာလူသတ်မှုဖြစ်ပွားခဲ့ပြီး အဲဒီအမှုရဲ့ တာဝန်ခံစုံထောက်ကတော့ ဟန်ဂျီအု (Lee Soo-Hyuk) ပါ။တိုက်တိုက်ဆိုင်ဆိုင်ပဲ သံသယရှိသူရဲ့အိမ်နံရံမှာ မျဉ်းနီတွေနဲ့ ပြည့်နေတာကို မြင်တွေ့ခဲ့ရပြီဒီအမှုရဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်တဲ့ ဟျွန်းဟုကလည်း စုံစမ်းစစ်ဆေးရေးမှာပါဝင်ကူညီပြီး သူ တစ်သက်လုံး မြင်တွေ့လာခဲ့ရတဲ့ S Line နဲ့ပတ်သက်ပြီး ခြေရာခံလိုက်ကြည့်ဖို့ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း ဟျွန်းဟုရဲ့ အတန်းပိုင်ဆရာမ ဂယူဂျင်း (Lee Da-Hee) ဟာဆိုရင်ဆွဲဆောင်မှုရှိသူဆိုပေမဲ့ S Line တစ်လိုင်းမှ မရှိသူဖြစ်ပြီး သူ့ရဲ့ထူးခြားချက်ကတော့တခြားသူတွေကို S Line ကို မြင်နိုင်တဲ့ မျက်မှန်ကိုတပ်ဖို့ လိုက်ပြီး တိုက်တွန်းနေတတ်တာပါပဲ။ဒီမျက်မှန်ကြောင့် လူတွေ S Line ကို စတင်မြင်လာကြပြီး သိုဝှက်ထားခဲ့တဲ့အမှန်တရားတွေနဲ့ လိုအင်ရမ္မက်စိတ်တွေက ဘူးပေါ်သလို ပေါ်ကုန်ကြတဲ့အခါမှာတော့…S Line ရဲ့ နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အမှန်တရားက ဘာများဖြစ်နေမလဲဆိုတာကို စောင့်ကြည့်ကြစို့နော်။

အပိုင်းများ

Season 1