Wen Suနဲ့ Chen Bao Yinရဲ့တွေ့ဆုံမှုဟာ ရေကြီးရာကနေစလို့ Wen Suတစ်ယောက်Bao Yinကို ကယ်တင်ရာကစခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သားဟာ ဝေးကွာသွားကြပြီးBao Yinတစ်ယောက်ကတော့ မိခင်ဖြစ်သူရဲ့ ဖျားနာမှုကို ကုသနိုင်ဖို့အတွက် မြစ်တစ်စင်းမှာသေရည်နဲ့အစားအသောက်တွေရောင်းပြီး ကြီးပွားလာခဲ့ပါတော့တယ်။ဒီအချိန်မှာတော့ Wen Suဟာ ချမ်းသာတဲ့သူဌေးသားလေးကနေ မိသားစုကလုံး၀ဆင်းရဲသွားတာမလို့ မိသားစုကိုကယ်တင်နိုင်ဖို့အတွက် နိုင်ငံရဲ့ မင်းသမီးအကြီးဆုံးရဲ့ယောင်္ကျားပျော်တော်ဆက်တစ်ယောက်ဖြစ်လာပါတယ်။ ဒီလိုနဲ့ ယောင်္ကျားပျော်တော်ဆက်Wen Suနဲ့ သူဌေးမလေး Bao Yinတို့ တစ်ဖန်ပြန်လည်ဆုံတွေ့ကြတဲ့အခါ။သူတို့နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာဟာ ပေါက်ဖွားလာခဲ့ပေမဲ့ မင်းသမီးကြီးကအတားအဆီးအဖြစ်ရှိနေတဲ့အခါ။ ဒီလိုနဲ့ ချစ်သူနှစ်ဦး အတားအဆီးတွေကိုဘယ်လိုကြံ့ကြံ့ခိုင်ပြီးကျော်ဖြတ်ကြမလဲဆိုတာကို သိချင်ရင်တော့ လက်မလွှတ်တမ်းစောင့်ကြည့်လိုက်ကြရအောင်နော်။