Our Movie FHD

Our Movie

Drama FHD 2025

Our Movie ဆိုတဲ့ Title အတိုင်း သူတို့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထဲမှာ အချိန်ခဏတာလေးဆိုရင်တောင်မှဇာတ်လိုက်တွေအဖြစ် နေထိုင်သွားကြမဲ့သူတို့….K Drama ချစ်သူတိုင်း သိကြတဲ့ My Dearest ထဲမှ မင်းသား Nam Koong Min နဲ့Vincenzo ထဲမှ မင်းသမီး Jeon Yeo Bin တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့Romance, Life , Melodrama အမျိုးအစား ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းLee Je-Ha (Nam Koong Min) ဟာ ရုပ်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ အဖေဖြစ်သူရဲ့ခြေရာကို နင်းပြီး ရုပ်ရှင်ဒါရိုက်တာဖြစ်လာသူတစ်ဦးပါ။သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ “Genius” ဆိုတဲ့ဇာတ်ကားနဲ့ တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မှုတွေကို ရရှိခဲ့သူဖြစ်သော်ငြား အောင်မြင်မှုတွေဟာ ကောက်ရိုးမီးလိုမျိုးဟုန်းကနဲတောက်ပြီး ဒုတိယအကြိမ် ပြန်လည်တောက်ပလာဖို့အတွက် ခက်ခဲနေသူလည်းဖြစ်ပါတယ်။ထိုအချိန်ကနေစပြီးတော့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမှ မလုပ်ခဲ့ဘဲ နောက်ငါးနှစ်ကြာတဲ့အခါကျမှဒုတိယအကြိမ်အဖြစ်… “အသက်ရှင်ဖို့အတွက် အချိန်ကန့်သတ်ခံထားရတဲ့သူရဲ့ အချစ်ဇာတ်လမ်း”အကြောင်းကိုရုပ်ရှင်ရိုက်ကူးဖို့အတွက် စတင်ပြင်ဆင်ပါတော့တယ်။ရုပ်ရှင်အတွက် အချက်အလက်တွေကို ရှာဖွေစုဆောင်းမှုပြုလုပ်နေတဲ့အချိန်မှာ…Lee Da-Eum (Jeon Yeo Bin) လို့ခေါ်တဲ့ ကုသလို့မရနိုင်တဲ့ရှားပါးရောဂါတစ်မျိုးကို ခံစားနေရတဲ့မိန်းကလေးတစ်ယောက်နဲ့ စတင်ဆုံစည်းရပါတော့တယ်။ဘယ်အချိန်ထိပဲ အသက်ရှင်ကျန်ရတော့မလဲမသိပေမဲ့ အမြဲတက်ကြွနေကာ ရုပ်ရှင်မင်းသမီးဖြစ်ဖို့စိတ်အားထက်သန်နေတဲ့ Da-Eum ဟာ Je-Ha ရဲ့ ရုပ်ရှင်အတွက် ဇာတ်လမ်းအကြံဉာဏ်တွေပေးရင်းနှစ်ယောက်အတူ ရုပ်ရှင်ကို ဖန်တီးဖို့အတွက် ဖြစ်လာပါတော့တယ်။ဘယ်အချိန် သေဆုံးရတော့မလဲ မသိနိုင်သူနဲ့ Carrer ပိုင်းနဲ့ပက်သက်ပြီး ဝန်ထုပ်တစ်ခုကို ထမ်းထားရသူတို့…ကိုယ်စီ ဒဏ်ရာတွေ နာကျင်မှုတွေ ကြားထဲကနေ သူတို့ရဲ့ ရုပ်ရှင်လေးကို ဘယ်လိုဖန်တီးသွားကြမလဲ…မသိရှိနိုင်တဲ့ မနက်ဖြန်ဆိုတာကို ကျော်လွန်ပြီး အချစ်တွေက ဘယ်လိုပေါက်ဖွားလာကြမလဲဆိုတာကိုတစ်ရှူးဆောင်ရင်း ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ကြည့်ရှုခံစားကြည့်ကြပါဦးနော်။