်လမ်းတွဲမှာ So Ji Sub ကို တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲအစည်း (NIS) ရဲ့ အထူးအေးဂျင့် Kim Bon အဖြစ် တွေ့မြင်ရမှာပါ။ သူဟာ လွန်ခဲ့တဲ့ ၃နှစ်က လျှိဝှက် mission တစ်ခုမှာ သူချစ်ရတဲ့မိန်းကလေးကို ဆုံးရှုးခဲ့တာကြောင့် အပြင်လောကနဲ့အဆက်အသွယ်ဖြတ်ပြီး ဘဝကို တစ်ကိုယ်တည်း အထီးကျန်ဖြတ်သန်းနေသူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းဖြစ်သူ Go Ae Rin (Jung In Sun) ရဲ့ခင်ပွန်း ရုတ်တရက်သေဆုံးသွားတဲ့အခါ အမှုမှန်ပေါ်ပေါက်ဖို သူမကိုအကူအညီပေးရင်း ကွယ်လွန်သူပါဝင်ပတ်သက်ခဲ့တဲ့ အရှုပ်တော်ပုံတစ်ခုကို ဖော်ထုတ်ဖြေရှင်းဖို အကြောင်းဖန်လာပါတော့တယ်