The First Night with the Duke FHD

The First Night with the Duke

နန်းတွင်းကားချစ်သူတွေအတွက် plot ဆန်းဆန်းလေးနဲ့ နန်းတွင်းကားသစ်တစ်ကား ထွက်ရှိလာပါပြီ။Main Lead တွေကတော့ အကုန်လုံးရဲ့ အချစ်တော်တွေဖြစ်တဲ့ 2PM ထဲက Ok Taec Yeon နဲ့SNSD ထဲက Seo Hyun တို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-သာမန် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဖြစ်တဖြစ်တဲ့ K ( Seohyun ) ဟာ တစ်ရက်မှာတော့သူအကြိုက်ဆုံး ဝတ္ထုထဲက အရံဇာတ်ကောင် Cha Seon Chaek နေရာကို ရုတ်တရက်ကြီး ရောက်ရှိသွားခဲ့ပါတယ်။ဒီလိုနဲ့ Cha Seon Chaek နေရာမှာ ရောက်နေတဲ့ K ဟာ အဲဒီဝတ္ထုရဲ့ အမျိုးသားဇာတ်ဆောင်ဖြစ်တဲ့Lee Beon ( Tacyeon ) နဲ့ တစ်ညတာ ဖြတ်သန်းဖို့ ဖြစ်လာပေမဲ့လည်း Cha Seon Chaek ဇာတ်ကောင်ရဲ့တာဝန်က Lee Beon ကို အမျိုးသမီးဇာတ်ဆောင် Cho Eun Ae နဲ့ အောင်သွယ်ပေးဖို့ ဖြစ်တဲ့အတွက်Cha Seon Chaek က ကြိုးစားပမ်းစားအောင်သွယ်ခဲ့ပါတယ်။ဒါပေမဲ့ တစ်ညတာ အတူဖြတ်သန်းပြီးတဲ့နောက်မှာ ရင်နာစရာအတိတ်အကြောင်းကို နှစ်သိမ့်ပေးခဲ့တဲ့Cha Seon Chaek ကို ယိမ်းယိုင်သွားတဲ့ Lee Beon ကတော့ Cha Seon Chaek မှCha Seon Chaek ဖြစ်လာတဲ့အခါမှာတော့…အရံဇာတ်ကောင်လေး Cha Seon Chaek ရဲ့ ကံကြမ္မာက K ရောက်လာပြီးမှ ဘယ်လိုတွေပြောင်းလဲသွားမလဲ..အဓိက ဇာတ်ဆောင် Lee Beon ရဲ့ နှလုံးသားကရော အရံဇာတ်ကောင်လေးဆီကိုပဲ အပြီးပိုင် ရောက်သွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ စောင့်ကြည့်ကြရအောင်နော် ။