A Head Coach's Turnover FHD

A Head Coach's Turnover

Comedy Drama FHD 2025

ဇာတ်လမ်းအညွှန်းမိန်ဂုံး (Park Sung Woong) ကတော့ ငယ်စဉ်အချိန်တုန်းက ထူးချွန်ရုံသာမက ဘတ်စကတ်ဘောပရိသတ်တွေကြားမှာပါ နာမည်အရမ်းကြီးတဲ့ ဘတ်စကတ်ဘော ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ အခုအချိန်မှာတော့ ကစားသမားမိန်ဂုံးဘဝကနေ အနားယူပြီး သုံးနှစ်ဆက်တိုက် Playoffs ကနေပြုတ်နေခဲ့တဲ့ Big Pandas ဆိုတဲ့ ဘတ်စဘောအသင်းရဲ့ နည်းပြတစ်ယောက်ဖြစ်နေပြီး အသင်းရဲ့ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ကြောင့် အလုပ်ဖြုတ်ခံရနိုင်ခြေရှိတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရသူ ဖြစ်နေတယ်။အထက်တန်းကျောင်းသားလေး ဂိုဟွာဂျင်း (Park Soo Oh) ကတော့ ဘတ်စကတ်ဘောကစားပွဲတွေကိုခဏကြည့်လိုက်တာနဲ့ ကောင်းကောင်းအကဲဖြတ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တယ်။ဂိုဟွာဂျင်းကတော့ မိန်ဂုံးကို မုန်းတီးသူများစုစည်းနေကြတဲ့ “မိန်ကုံးချေမှုန်းရေးအဖွဲ့”မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးဆိုရှယ်မီဒီယာမှာ မိန်ဂုံးကို မကောင်းတဲ့မှတ်ချက်တွေ ပြင်းပြင်းထန်ထန်ရေးပြီး လက်စားချေဖို့ ကြိုးစားနေသူပေါ့။ဒါပေမဲ့ အကြောင်းကိစ္စတွေ ကြုံကြိုက်လာတဲ့အခါမှာတော့ နည်းပြမိန်ဂုံးဟာ အသင်းရဲ့ အောင်မြင်မှုရရှိလာနိုင်ဖို့အတွက် သူ့ရဲ့ မုန်းတီးရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဂိုဟွာဂျင်းနဲ့ လက်တွဲဖို့ဖြစ်လာခဲ့တယ်။မိန်ဂုံးနဲ့ ဂိုဟွာဂျင်းတို့ လက်တွဲပြီး ဘယ်လိုနည်းဗျူဟာတွေကို ထုတ်သွားကြမှာလဲ….Big Pandas အသင်းကရော တကယ်ပဲ စွမ်းဆောင်ရည်တွေ တိုးတက်လာမှာလားဆိုတာတွေအပြင် ဘတ်စကက်ဘောအားကစားအကြောင်းကို သေသေချာချာရိုက်ကူးထားတဲ့ ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော်။

အပိုင်းများ

Season 1