Dear Hongrang FHD

Dear Hongrang

FHD 2025

 ပရိသတ်ကြီးတို့စောင့်မျှော်နေတဲ့ Lee Jae Wook နဲ့ Cho Bo Ah တို့ရဲ့ဇာတ်ကားအသစ်လေးကတော့ ဒီနေ့မှာပဲ Netflix ကနေထွက်ရှိလို့လာပါပြီ။Cast တွေအနေနဲ့ကတော့ Lee Jae-Wook ၊ Cho Bo-Ah နဲ့ Jung Ga-Ram တို့ အဓိကပါဝင်ထားပြီးပရိသတ်တို့အားလုံးသိကြတဲ့ Kim Jae-Wook ၊ Uhm Ji-Won ၊ Park Byung-Eun တို့အပြင်တခြားသော  ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားကြလို့ Cast တွေနဲ့တင် လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ~ဂျိုဆွန်းပြည်က ကုန်သည်အဖွဲ့ရဲ့ ဆက်ခံသူဖြစ်တဲ့ သခင်လေး Hong Rang (Lee Jae Wook) ဟာအသက် ၈ နှစ်အရွယ်မှာ ပျောက်ဆုံးသွားခဲ့ပြီးနောက် ဖအေတူ မအေကွဲအစ်မဖြစ်သူJae-Yi (Cho Bo Ah) နဲ့ အမေဖြစ်သူတို့ဟာ သူ့ကို လက်မလျှော့တမ်း ရှာနေခဲ့ကြပါတယ်။ဒီလိုနဲ့ ၁၂ နှစ်ကြာပြီးနောက်မှာတော့ အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ Hong Rang ဟာပျောက်ဆုံးနေရာကနေ ပြန်ပေါ်လာခဲ့ပေမဲ့ မှတ်ဥာဏ်တွေပျောက်နေခဲ့ပါတယ်။လျှို့ဝှက်ချက်တွေများလွန်းတဲ့ အသက် ၂၀ အရွယ် Hong Rang ကို Jae-Yi တစ်ယောက်Hong Rang အတုဖြစ်နေမလားဆိုပြီး  သံသယတွေ ဝင်လာတဲ့အခါမှာတော့…အသက် ၈ နှစ်အရွယ် Hong Rang ရဲ့ ပျောက်ဆုံးမှုနောက်ကွယ်က အကြောင်းအရာကရော ဘာဖြစ်မလဲဆိုတာကို…Netflix ကနေ ၁၁ ပိုင်းလုံးကို တစ်ခါတည်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်လို့ CM နဲ့အတူ ကြည့်ရှုခံစားပေးပါဦးနော်။