The Devil's Plan 2 FHD

The Devil's Plan 2

Reality FHD 2023

ဆုကြေးငွေ ဝမ် ၅၀၀ မီလီယမ်ရဖို့အတွက် စိတ်အား ဉာဏ်အားအဖက်ဖက်ကနေထည့်သွင်းစဉ်းစားဖော်ထုတ်ရတဲ့ နည်းဗျူဟာမြင့် game show တစ်ခုဖြစ်တဲ့The Devil Plan ဟာ Season 1 မှာ အောင်မြင်မှုများစွာရခဲ့တာနဲ့အမျှယခုနှစ်မှာတော့ season 2 ထွက်ရှိလာပါပြီ။ဒီ season 2 မှာဆိုရင်တော့ season 1 တုန်းကထက် ပိုမိုပြင်းထန်ပြီး ခေါင်းစားရတဲ့ဂိမ်းတွေပါဝင်လာမှာ ဖြစ်တဲ့အပြင် ထောင်ချောက်ဆင်ထားတဲ့တံခါးဝတွေလည်း ပါလာကာကစားသမားတွေဟာလည်း အပေးအယူလုပ်တာ တိုကင်ပြားတွေ လဲလှယ်တာ ပြိုင်ဘက်ကိုထောင်ချဖမ်းဆီးတာတွေအတွက် ဆုကြေးပါရဦးမှာပါ။ယခုတစ်ခေါက်မှာတော့ Season 1 မှာ ပါဝင်ခဲ့တဲ့သူတွေ မဟုတ်ဘဲ Super Junior အဖွဲ့ဝင်Kyuhyun, EXchange 2 ထဲက ကျွန်တော်တို့ မောင်လေး team ရဲ့ အသည်းစွဲ ဂျောင်ဟျွန်းဂယူ,Soloist ဖြစ်တဲ့အပြင် Loona အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ချစ်စရာကောင်မလေး Chuu,Ghost Doctor ကားထဲက မင်းသမီးချောလေး Yoon So Hee တို့နဲ့အတူ တခြားနာမည်ကြီး influencer,announcer တို့ပါဝင်ထားကြတာမို့လို့ ခေါင်းစားရပြီး ပရိသတ်ကိုဆွဲဆောင်သွားနိုင်တဲ့ game showတစ်ခုဖြစ်တာကြောင့် အပတ်စဉ်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

အပိုင်းများ

Season 1