Pump Up the Healthy Love FHD

Pump Up the Healthy Love

Drama Comedy FHD 2025

ဇာတ်ညွှန်းအနေနဲ့ကတော့Gym ပိုင်ရှင်လည်းဖြစ်ကာ ကိုယ်ပိုင် Gym မှာ နည်းပြဆရာအဖြစ်ပါ ဝင်လုပ်နေတဲ့ ဂျောင်ဒိုဟျွန်းဟာကျန်းမာရေးကို အလွန့်အလွန်လိုက်စားသူဖြစ်ပြီး သူ့ Gym လာသမျှ လူတွေအားလုံးကိုလည်းသူ့စံနှုန်းနဲ့အညီ လေ့ကျင့်ပေးမှုကြောင့် Gym လာတဲ့လူတိုင်း အော်ကြောလန်ရတဲ့သူပါ။ဒီလို အော်ကြောလန် ဒိုဟျွန်းတစ်ယောက် တစ်နေ့မှာတော့ အီမီရန်ဆိုတဲ့ကောင်မလေးကိုလေ့ကျင့်ပေးဖို့ရာ အကြောင်းဖန်လာခဲ့ပါတော့တယ်။အလုပ်ထဲလည်း အဆင်မပြေတဲ့အပြင် ရည်းစားနဲ့ပါ ပြတ်သွားတဲ့ အီမီရန်ဟာ move on လုပ်ဖို့အတွက်သူ့ကိုယ်သူလှလာအောင် Gym ကစားမယ်လို့ သန္ဓိဌာန်ချပြီး ဒိုဟျွန်းရဲ့ Gym ကို ရောက်လာခဲ့တဲ့အခါမှာတော့…ဒိုဟျွန်းရဲ့လေ့ကျင့်မှုအောက်မှာ မီရန်တစ်ယောက် အံ့ကြိတ်ဖြတ်ကျော်နိုင်ပါ့မလား…move on ရင်း အချစ်သစ်နဲ့ကြုံတွေ့ရမလားဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ဂျောင်ဒိုဟျွန်းအဖြစ် U-Kiss အဖွဲ့ဝင် Lee Jun-Young (When Life Gives You Tangerines) နဲ့အီမီရန်းအဖြစ် APink အဖွဲ့ဝင် Jung Eun Ji (Reply 1997) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။