Fireworks of My Heart FHD

Fireworks of My Heart

ဒီတစ်ခါမှာလည်း ပရိသတ်တွေအတွက်Fireworks of My Heart ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။Love O2O ဇာတ်ကားနဲ့လူကြိုက်များလာတဲ့ Yang Yang ကတော့မတူညီတဲ့ ဇာတ်ကောင်တွေမှာသရုပ်ဆောင်ပြီး ပရိသတ်ကိုဖမ်းစားရင်းနဲ့ ဒီတစ်ခါမှာတော့မီးသတ်သမားလေးအဖြစ်အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မီးသတ်အဖွဲ့ခေါင်းဆောင် စုန့်ယန့(Yang Yang) နှင့်ဆေးရုံးအရေးပေါ်ဌာနရဲ့ဒေါက်တာမလေး ရွှီချင့် (Wang CHu Ran)တို့ကကျောင်းသားငယ်ဘဝမှာ ခင်မင်ရင်းနှီးကြတဲ့အိမ်နီးနားချင်းမိတ်ဆွေတွေပေါ့။ဒီလိုနဲ့သူငယ်ချင်းကနေချစ်သူတွေဖြစ်ကြတဲ့အချိန်နှစ်ဖက်မိဘရဲ့ နှစ်ဦးကြားမှာကန့်ကွက်ပိတ်ပင်မှုတွေကြောင့် နှစ်ယောက်သားဝေးကွာခဲ့ရပြီးရွှီချင့်ကတော့နိုင်ငံခြားကိုထွက်သွားခဲ့တယ်။နှစ်ယောက်သားနှစ်ပေါင်းများစွာဝေးကွာပြီးရွှီချင့်တစ်ယောက်ပြန်လာခဲ့တဲ့အချိန် တစ်နေ့တော့သူတို့ဌာနကို စုန့်ယန့်တို့မီးသတ်အဖွဲ့ဆေးရုံလာပြသရာနှစ်ဦးသားပြန်လည်တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့တယ်။ဒီလိုနဲ့ နှစ်ဦးသားအေးစက်တဲ့ ဆက်ဆံရေးကိုတဖန်ပြန်နွေးထွေးသွားအောင်လုပ်ပေးနိင်မလား။နှစ်ဦးကြား နားလည်မှုလွဲပြီးလွဲမှားခဲ့တာကိုဘယ်လိုပြန်အဆင်ပြေအောင်ညှိယူကြမလဲ။နှစ်ဖက်မိဘသဘောမတူတဲ့ နှစ်ယောက်ကကောဘယ်လိုတွေလက်ခံလာအောင် ကြိုးစားယူကြမလဲ။အစရှိတာတွေကိုတော့ ဒီဇာတ်လမ်းလေးကိုကြည့်ရူရင်းနဲ့ တရုတ်အဖွဲ့သားတွေနှင့်အတူတူအဖြေရှာကြရအောင် ~