နာမည်ကြီး “Hospital Playlist”ဇာတ်ကားရဲ့ spin-offဇာတ်လမ်းတွဲဖြစ်ပြီးတက္ကသိုလ်ဆေးရုံရဲ့ ပါမောက္ခနဲ့ဆရာဝန်တွေရဲ့ ဘဝနဲ့သူငယ်ချင်းသံယောဇဉ်တွေကိုသရုပ်ဖော်ထားတဲ့ ဒီဇာတ်ကားလေးမှာတော့ ..Castတွေအဖြစ် “Moving, Death’s Game”စတဲ့ ဇာတ်ကားကောင်းတွေမှ မင်းသမီးချောGo Youn Jung, လတ်တလောအရမ်းနာမည်ကြီးခဲ့တဲ့ “When Life Gives You Tangerines”ဇာတ်ကားမှာ အွန်းမြောင်းအဖြစ် ပါဝင်ခဲ့တဲ့ မင်းသား Kang You Seok တို့အပြင်တခြားသရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ထားပါသေးတယ် .. ။ဇာတ်လမ်းကတော့ ..အခုလို မွေးဖွားနှုန်းကျဆင်းနေတဲ့ခေတ်မှာ ယူဂျယ်ဆေးရုံ ဂျုံရိုရုံးခွဲရဲ့ လူကြိုက်မများတဲ့ဌာနဖြစ်တဲ့ သားဖွားမီးယပ်အထူးကုဌာနကို ရဲရဲဝံ့ဝံ့ ဝင်ရောက်လာကြတဲ့ ဘွဲ့လွန်ပထမနှစ်လက်ထောက်ဆရာဝန်လေးတွေရဲ့ နေ့ည မနားဘဲ အကောင်းဆုံးဆရာဝန်ဖြစ်လာဖို့ကြိုးစားကြပုံကို ပြသထားတာဖြစ်ပါတယ် .. ။ချစ်စရာသူငယ်ချင်းဆက်ဆံရေးတွေနဲ့ ဆေးဘက်ဆိုင်ရာ ဗဟုသုတတွေကိုပါ အများကြီးသိရှိရမှာဖြစ်လို့ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း မလွတ်တမ်း စောင့်ကြည့်လိုက်ကြပါဦးနော်။