အထက်တန်းကျောင်းတစ်ကျောင်းမှာ ကိုရီးယားဘာသာစကားသင်တဲ့ Han Hae Na ကအပြင်ပန်းမှာတော့ သာမန်ဘဝကိုပိုင်ဆိုင်ထားသူတစ်ယောက်လို့ထင်ရပေမယ့်တကယ်တော့ ကျိန်စာသင့်နေသူတစ်ယောက်ပါ။ လူတစ်ယောက်ကိုနမ်းလိုက်မိတာနဲ့ညစဥ်ညတိုင်း သန်းခေါင်ယံအချိန်ကနေ ၆ နာရီကြာ ခွေးအဖြစ်ပြောင်းလဲသွားပြီးကိုယ်နမ်းခဲ့တဲ့သူကို ခွေးအသွင်နဲ့ပြန်နမ်းနိုင်မှာသာ ညတိုင်းခွေးဘဝရောက်နေတဲ့ဘဝကြီးကကျွတ်မှာပါ။ဒီလိုနဲ့ယောက်ျားတွေကိုမနမ်းမိဖို့ရှောင်ရင်း စင်ဂယ်ဘဝရောက်နေရရှာတဲ့ Han Hae Na တစ်ယောက်တစ်ညမှာတော့ တစ်ကျောင်းတည်းက သင်္ချာဆရာ Jin Seo Won ကို မူးမူးနဲ့နမ်းမိသွားပါတော့တယ်။ငယ်ငယ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့် ခွေးတွေကိုအရမ်းကြောက်တဲ့ Jin Seo Won ရယ် ..ကိုယ်နမ်းခဲ့တဲ့သူကို ခွေးဘဝနဲ့ပြန်နမ်းမှဖြစ်မယ့် Han Hae Na ရယ် ဘယ်လိုအခွီတွေ အရိုတွေဖြစ်ကြဦးမလဲ။