ဒီစီးရီးကိုသိတဲ့လူတွေကတော့ အတော်ကိုကောင်းပြီးဇာတ်အိမ်ခိုင်တဲ့ဇာတ်လမ်းဆိုတာသိကြသလို animeထွက်မယ်သတင်းထွက်ကတည်းက မျှော်နေကြမယ်လည်းထင်ပါတယ်။ ဇာတ်လမ်းကတော့ လိုတိုရှင်းတစ်ခွန်းထဲပြောရရင် zero to heroဇာတ်လမ်းပါ။ဇာတ်လမ်းအကျဉ်းကိုဆက်မပြောခင် ဒီစီးရီးရဲ့သမိုင်းကြောင်းလေးနည်းနည်းပြောပါရစေ။ဒီစီးရီးဟာ ဆရာTurtle Meက web novel(ဝတ္ထု)အနေနဲ့ ၂၀၁၈ ဇူလိုင်လမှာ စတင်ရေးသားခဲ့တာဖြစ်ပြီး storyline ရော၊ worldbuildingပိုင်းပါ အရမ်းအားကောင်းတာကြောင့် တဖြည်းဖြည်းနဲ့ fan base ပါ အရမ်းတောင့်လာခဲ့တဲ့စီးရီးပါ။ ဇာတ်လမ်းထဲမှာ မြုတ်ထားတဲ့ဇာတ်ကွက်တွေကလည်း စာဖတ်သူတွေကိုတောက်လျောက်ဆွဲခေါ်နိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အရမ်းကိုအင်အားကြီးခဲ့တဲ့ဘုရင်ကြီးဟာ သေဆုံးသွားပြီး တခြားကမ္ဘာက သာမန်မိသားစုလေးမှာမွေးဖွားလာခဲ့ပါတယ်။ အဲ့ဒီကမ္ဘာဟာ မှော်ပညာအသုံးပြုတဲ့ကမ္ဘာဖြစ်တာမလို့ ဇာတ်လိုက်မင်းသားအတွက် မွေးကတည်းက အထူးအဆန်းဖြစ်လို့နေခဲ့တာပါ။ မှော်ပညာအသုံးပြုတဲ့ကမ္ဘာဆိုပေမဲ့ အဆိုပါကမ္ဘာက လူတွေဟာ မှော်ပညာကို လူပျို၊ အပျိုဖော်ဝင်ခါအချိန်မှပဲ စတင်သုံးနိုင်ကြပါတယ်။မင်းသားကရော ဘယ်အရွယ်မှာစပြီးမှော်ပညာကိုသုံးနိုင်မလဲ?သုံးရောသုံးနိုင်ပါ့မလား?အရင်ဘုရင်ဘဝမှာရော ဘယ်လိုအကြောင်းကိစ္စနဲ့ဆုံတွေ့မိခဲ့ပြီး သေဆုံးခဲ့ရတာလဲ?အရမ်းကိုလူကြိုက်များတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေကရော ဘာဖြစ်မလဲဆိုတာတွေကို ဗုဒ္ဓဟူးညတိုင်း အပိုင်းသစ်ထွက်မှာကို စောင့်ပြီး ကြည့်ရှုခံစားလိုက်ပါစို့။