နတ်ဘုရားမ နဲ့ မြေခွေးမျိုးနွယ်ဝင်လူသားတို့ကြားကအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့A Moment But Forever ဆိုတဲ့ ရှန်းရှ နတ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ နတ်ဘုရားမ Wu Shuang ( Tiffany Tang ) ဟာကောင်းကင်ဘုံရဲ့ရတနာကိုပြန်လည်ရယူနိုင်ဖို့အတွက်မြေခွေးမျိုးနွယ်စုရဲ့ပုရောဟိတ်ဆရာ Yuan Zhong ( Liu Xue Yi )ကို လုပ်ကြံသတ်ဖြတ်ဖို့လူ့ပြည်ကိုဆင်းသက်လာပြီးနောက် တစ်ခြားလျှို့ဝှက်ဖုံးကွယ်ထားတဲ့အကြောင်းတွေကိုလည်းသိလိုက်ရသောအခါ…နတ်ဘုရားမနဲ့မြေခွေးမျိုးနွယ်စုပုရောဟိတ်မင်းတို့ကြားမှာဘယ်လိုအချစ်၊အမုန်း၊ချိုမြိန်ခါးသီးမှုတွေအလှည့်ပြောင်းကနေချစ်စရာအချစ်ဇာတ်လမ်းလေးဖြစ်လာပြီးလောကကြီးကိုဘယ်လိုမျိုးတူတူကယ်တင်မလဲဆိုတာကိုတူတူစောင့်မျှော်ကြည့်ကြလိုက်ရအောင်နော်