One Punch Man ဟာ ဂျပန် Anime TV Series တစ်ခုဖြစ်ပြီးအပိုင်း ၁၂ ပိုင်းထိ ရှိပါတယ်…IMDb 9.1 ထိ ရရှိထားပြီး Anime ချစ်သူများကြား နာမည်ကြီးနေတဲ့ Anime TV Series တစ်ခုဆိုလဲ မမှားပါဘူးSaitama ဆိုတဲ့ Hero ဟာ တစ်ခေါင်းလုံး အမွှေးမရှိအောင် ပြောင်သလင်းခါနေပြီး ပေါတောတောတွေပဲလုပ်တက်ပါတယ်…ဒါပေမယ့် သူနဲ့ လာယှဉ်ပြိုင်သူတိုင်း လက်သီး တစ်ချက်စာ မိတာနဲ့ အစ ပျောက်သွားတာကြီးပါပဲသူ့ရဲ့ အကြမ်းစား လက်သီး ကို မျက်ဝါးထင်ထင် မြင်မိသွားတဲ့ စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်း အကြမ်းစား Genos တောင်Saitama ဆီ လာပြီး တပည့်ခံရတဲ့ အထိပါပဲ…ဒီလို နာမည်ကြီးနေတဲ့ Hero ကြီး Saitama ဆီကို ရန်သူတွေကတစ်နေ့ တစ်မျိုးမရိုးတဲ့ လူသတ်ကောင်တွေလွှတ်လွှတ်ပေးနေသလို Saitama နဲ့ တပည့်ကျော် Genos တို့ ဘယ်လို ဆော်ပလော်တီး လွှတ်ကြတယ်ဆိုတာ ရှုစားလိုက်ကြပါအုံး… Season 1 to 2 ထိ ပြန်လည်တင်ဆက်ပေးထားပါတယ် ခင်ဗျာ.....