မင်းသား ယွီဝိန်လျန်တို့မိသားစုတွေကို မသမာသူလူတစ်စုက သူတို့တွေကို စွပ်စွဲဖမ်းဆီးအကျဉ်းချပြီး ကွပ်မျက်ခဲ့တယ်။ယွီဝိန်လျန်ကတော့ အကျဉ်းထောင်အဖော်ဖြစ်တဲ့ လောင်လော်အကူညီဖြင့် ထောင်ဖောက်ထွက်ပြေးခဲ့တယ်။ ထွက်ပြေးခဲ့ပြီး ၁၀နှစ်ကြာနောက်မှာ ယွီဝိန်လျန်က သူ့သရုပ်မှန်ဖုံးကွယ်ဖို့အတွက် စည်းစိမ်ချမ်းသာတဲ့ဟန်နီလော်အဖြစ် ရှန်ဟိုင်းကိုပြန်လာခဲ့တယ်။ဉစ္စာပြည့်စုံတဲ့စီးပွားလုပ်ငန်းရှင်အဖြစ် ရှန်ဟိုင်းပြန်ရောက်ပြီး သူ့ငယ်သူငယ်ချင်း လီရှီဝိန် ၊ ချစ်သူ လန်းရှင်းယိ တို့နဲ့ ပြန်လည်ဆုံဆည်ခဲ့တယ်အပေါင်းဖော်တွေနဲ့ပြန်လည်ဆုံဆည်ပြီးနောက်မှာ သူက သူတို့မိသားစုကိုလုပ်ကြံခဲ့တဲ့ မသမာသူကို ပြန်လည်ဖော်ထုတ်နိုင်မလား။၁၀နှစ်အတွင်း ဖုံးကွယ်ထားတဲ့ အံ့သြစရာကောင်းတဲ့ အမှန်တရားတွေ ပေါ်ထွက်လာနိုင်မလား။သူ့မိတ်ဆွေနဲ့အတူ အခက်အခဲအတူတူ ဖြေရှင်းဖော်ထုတ်မှုတွေကို စောင့်မျှ်ောကြည့်ရှုကြရအောင်ပါနော်