The Veil K FHD

The Veil K

ဟန်ဂျီဟော့ ဆိုတာ NIS ရဲ့ ထိတ်တန်းလျှို့ဝှက်စုံထောက် တစ်ယောက်….သူဟာ တာဝန်တစ်ခုထမ်းဆောင်နေတုန်းမှာလုပ်ဖော်ကိုင်ဘက်တွေ မရှုတ်မလှ အသတ်ခံလိုက်ရသလိကိုယ်တိုင်လည်း အသက်ဘေးကလွတ်အောင်မနည်းပြေးလိုက်ရပုံပေါ်တယ်….အဲ့ဒီနောက်သူဟာ တရားမဝင် လူမှောင်ခိုအဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတယ်…NIS ဟာ အေးဂျင့်အဖမ်းခံရတာကိုသတင်းရတာနဲ့ ချက်ချင်းဝင်ရောက်ကယ်တင်ခဲ့တယ်…တကယ်အရေးကြီးအဖွဲ့အစည်းတွေရဲ့ထုံးစံအတိုင်းပြန်လည်ကယ်ဆယ်ခံရပေမဲ့ကာကွယ်ရေးစီမံချက်ထုံးစံအတိုင်းကယ်ဆယ်ခဲ့တဲ့ အေးဂျင့်ကို နည်းအမျိုးမျိုးနဲစစ်ဆေးပါတယ်…အဲ့ဒီမှာထူးဆန်းစွာပဲ Mission ထမ်းဆောင်ခဲ့တဲ့ အချိန်ကစလို့ ထွက်ပြေးတဲ့အချို့အချိန်ကာလအထိမှတ်ချက်တွေဖျက်ဆီးခံထားရတယ်…သူဟာ အတိတ်မေ့နေတာမျိုးမဟုတ်ဘဲ သီးခြား မှတ်ဉာဏ်ကိုဖျက်ဆီးခံထားရတာပါ….အဲ့ဒီနောက်မှာတော့…လျှို့ဝှက်ချက်များစွာနဲ့ အပိုင်း(၁)ကိုတော့ အစပျိုးထားတယ်…ဒီစီးရီးအတွက် မင်းသား Namkoong Min ဟာ ဘော်ဒီတွေဘယ်လောက်တောင်လေ့ကျင့်ထားတယ်မသိ…လုံးဝအမိုက်စားပဲ..အက်ရှင်ခန်းတွေ တော်တော်ကြမ်းသလိုသတ်တဲ့အခန်းတွေလည်း ရက်စက်ပါတယ်…ဘက်ဂျက်လည်းတော်တော်သုံးထားပုံရတယ်….ရိုက်ထားတာတွေရော Cast အမိုက်စားတွေရော…မင်းသမီးချော Park Ha-sunလည်းပါလို့ ဒီတစ်ခါတော့ Love Line လေးနည်းနည်းလောက်ပါပါလို့မျှော်လင့်နေမိတယ်….ကိုင်းစိတ်ဝင်စားစရာ အက်ရှင်ဇာတ်လမ်းတွဲမို့ အားပေးလိုက်ကြရအောင်…