History of Scruffiness FHD

History of Scruffiness

Drama FHD 2025

ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ Webtoon Remake ကားလေးက ၂၀၀၀ ခုနှစ်ကိုဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပြီး Cast တွေအနေနဲ့ The Uncanny Counter မှCho Byeong Gyu ၊ Twinkling Water Melon မှ Ryeoun ၊ The Trauma Code:Heroes on Call မှ Jeong Jae Kwang နဲ့ Jung Yong Ju တို့မှအဓိက ပါဝင်ထားပြီးပရိသတ်တွေနဲ့ မစိမ်းတဲ့သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~ကိုရီးယားစာပေမေဂျာယူထားတဲ့ ပထမနှစ်ကျောင်းသားလေး Seo Min Gi (Cho Byeong Gyu)ဟာတွေဝေတတ်၊ အတွေးများတတ်ပေမဲ့ တစ်ခါတလေ ရဲရဲတင်းတင်းလုပ်ကိုင်တတ်သူပါ။ အသက် ၂၀အရွယ်ကောင်လေးဖြစ်တဲ့အလျောက် အမှားတွေတသီကြီး လုပ်တတ်လေ့ရှိတဲ့ Seo Min Giတစ်ယောက်ဟာ ရှုပ်ထွေးလှတဲ့အချစ်ရေးကို တွေ့ကြုံခံစားဖို့ဖြစ်လာပါတော့တယ်။တစ်ဖက်မှာလည်း သူငယ်ချင်းဖြစ်သူ No Jun-Seok (Ryeoun)ဟာ ချောမောတဲ့ရုပ်ရည်ကြောင့်နာမည်ကြီးပေမဲ့ မိဘတွေဆီကရတဲ့ စိတ်ဒဏ်ရာကြောင့် တစ်ခြားတစ်ယောက်ကို နှလုံးသားတံခါးမဖွင့်ပေးနိုင်သူပါ။ ဒီလိုမျိုး အကျင့်စရိုက်ရှိတဲ့ No Jun-Seok ဟာ တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံဖို့ဖြစ်လာခဲ့ပါတယ် .. ။လူတစ်ယောက်ကို အရှုံးသမားဖြစ်သွားစေနိုင်တဲ့ အချစ်နဲ့ ဆက်ဆံရေးကို သူငယ်ချင်းတွေအတူ တွေ့ကြုံခံစားကြရင်း ငိုရင်းရယ်ရင်းနဲ့ ၂၀၀၀ ပြည့်နှစ်ရဲ့ လတ်ဆတ်တဲ့ အနှစ်သာရတွေနဲ့အတူ တက္ကသိုလ်ကျောင်းသားလူငယ်ဘဝဖြတ်သန်းကြပုံကိုအတူ ကြည့်ရှူခံစားလိုက်ရအောင်နော် .. ။

အပိုင်းများ

Season 1