ဒီ Series ကစိတ်ဝင်စားစရာကောင်းလား မကောင်းလားဆိုရင်နာမည်ကိုကြည့်လိုက်တာနဲ့တင် ကိုယ့်မျက်လုံးကိုယ် ၂ ခါပြန်မေးရမလိုဖြစ်နေပါပြီ။အမှန်က The Åre Murders ဆိုတာကအော်ရဲဆိုတဲ့ကျေးတောရွာလေးတစ်ခုမှာဖြစ်တဲ့ လူသတ်မှုတွေအကြောင်းကိုရိုက်ထားတာဖြစ်တဲ့အတွက် အဲ့လိုနာမည်ပေးထားတာဖြစ်ပါတယ်။အဲ့ဒီအော်ရဲဆိုတဲ့ရွာလေးကို ယောက်ျားနဲ့ပြဿနာတက်ပြီးအိမ်ပေါ်ကနှင်ချခံလိုက်ရလို့ အစ်မအိမ်ကိုဆင်းလာတဲ့သူကတော့အဓိကမင်းသမီး ဟာနာပဲဖြစ်ပါတယ်။သူကစတော့ဟုမ်း အိမ်တွင်းအကြမ်းဖက်မှုဌာနမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ရဲတစ်ယောက်ဖြစ်ပြီးသူ့ဘ၀မှာဖြစ်နေတဲ့ပြဿနာတွေရှင်းသွားအောင် ခဏတာခေါင်းဆေးဖို့လည်း ခွင့်ယူပြီးလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူရောက်တဲ့ညမှာတင်ပဲအဲ့ဒီရွာက ကောင်မလေးတစ်ယောက်ပျောက်ဆုံးသွားခဲ့တဲ့အတွက်ပရဟိတလိုက်လံရှာဖွေပေးရင်းနဲ့မှ ခွင့်ယူထားတာလည်း ဂရုစိုက်မနေတော့ဘဲ အော်ရဲ ရဲဌာနမှာခဏတာ တာဝန်ထမ်းဆောင်ရင်းနဲ့ နာမည်အတိုင်းအော်ရဲမှာဖြစ်မဲ့လူသတ်မှုတွေကိုဖြေရှင်းသွားမဲ့ စိတ်ဝင်စားစရာမှုခင်းစုံထောက် Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။