လူသတ်သမားတွေကို အကျင့်စရိုက်တွေ ခန့်မှန်း အပြုအမူတွေ လေ့လာပြီးFBI Profiler တွေက ပညာသားပါပါနဲ့ ခေါင်းစားပဟေဠိဖော် ဖမ်းဆီးကြတဲ့Criminal Minds Evolution လိုမျိုး လျှို့ဝှက်သည်းဖိုစီးရီးကိုသဘောကျရင်တော့ ဒီစီးရီးက ကွက်တိ ဖြစ်မှာပါ။NBC ကနေ အပတ်စဉ် ၁၀ ပိုင်းတိတိ ထုတ်လွှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ချိန်က FBI Profiler အဖြစ် လုပ်ကိုင်ဖူးတဲ့Henderson ဆိုတာ ယခုအချိန်မှာတော့ ကာစီနိုဟိုတယ်လေးမှာလိမ်ညာတဲ့လူတွေကို ဖော်ထုတ်ရင်း အလုပ်လုပ်နေပါတယ်။တစ်ရက်ကျ အထက်က ဆရာ့ဆရာတွေ ရောက်လာပြီး သူ့ကို ဂဃနဏမရှင်းပြပဲလွတ်မြောက်သွားတဲ့ ကွင်းဆက်လူသတ်သမားကို ခြေရာခံဖမ်းပေးဖို့ တောင်းဆိုလာပါတယ်။ဖြစ်ချင်တော့ ဒီ လူသတ်သမားဆိုတာ Herderson ရဲ့ ပထမဆုံးအမှုတုန်းကတရားခံပါ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက သေဒဏ်ပေး ကွပ်မျက်ပေးထားတဲ့လူ။အဲဒီမှာပဲလူသတ်သမားတွေနဲ့ ပတ်သက်ပြီး CIA ရဲ့ အရှုပ်တော်ပုံကြီးကိုHenderson တစ်ယောက် တဖြည်းဖြည်းသိလာရင်း ပဟေဠိဆန်ဆန်လွတ်မြောက်သွားတဲ့ ကွင်းဆက်လူသတ်သမားတွေကိုပြန်ပြီး အမဲလိုက်ဖို့ ဖြစ်လာတဲ့အခါမှာတော့…။