My Princess (2011) ခေတ္တခဏလောက်ကို အတိတ်ကို ပြန်သွားလိုက်ကြရအောင် မကြာသေးခင်ကမှ ပြည်သူ့အချစ်တော် နတ်သမီးလေး ပီသပါပေတယ်ဆိုပြီး တကြော့ပြန် လူကြိုက်များလာတဲ့ မင်းသမီး Kim Tae Hee နဲ့ဆောင်းဦးရွက်ကြွေ ချစ်သက်သေလို မြန်မာပရိတ်သတ်ကြား ခေတ်စားခဲ့တဲ့ ဇာတ်ကားထဲမှ ဂျွန်ဆော မင်းသားကြီး Song Seung Heon တို ပါဝင်သရုပ်ထားတဲ့ old but gold ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘဝကို ရိုးရှင်းစွာ နေထိုင်ဖြတ်သန်းနေတဲ့ အီဆောလ် တစ်ယောက် ရုတ်တရက်ကြီး သူမဟာ ကိုရီးယားနိုင်ငံရဲ့ တော်ဝင်မင်းသမီးတစ်ပါး ဖြစ်နေကြောင်း သိလိုက်ရပါတော့တယ်...ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းလာခဲ့တဲ့ အီဆောလ်ကို တော်ဝင်မိသားစုရဲ့ နေပုံထိုင်ပုံနဲ့ စည်းကမ်းတွေကို သင်ကြားပေးဖို တာဝန်ယူခဲ့ရတဲ့ ဒယ်ဟန်လုပ်ငန်းစုရဲ့ မြေးဖြစ်သူ ဘတ်ဟယ်ယောင်း...သာမန်ဘဝနဲ့ နေထိုင်ခဲ့တဲ့ အီဆောလ်နဲ့ဘဝကို သတ်မှတ်ထားသော စည်းကမ်းဘောင်တွေထဲမှာပဲ နေထိုင်ခဲ့တဲ့ ဟယ်ယောင်းတိုကြားမှာ ဘယ်လိုဇာတ်လမ်းလေးတွေ ရှိလာမလဲဆိုတာကို ရင်ခုန် စိတ်လှုပ်ရှားဖွယ်ကြည့်ရှု ခံစားလိုက်ရအောင်နော်။