ဟီရိုတို ကိုမိုရိ (Yagira Yuya)ဟာ မြို့တော်ခန်းမမှာ အလုပ်လုပ်ပြီး မိဘတွေ မတော်တဆမှုကြောင့် ဆုံးပါးသွားကတည်းက အော်တစ်ဇင်ရောဂါရှိတဲ့ ညီဖြစ်သူ မိုချီတို ကိုမိုရိကို ဂရုစိုက်စောင့်ရှောက်ပေးရင်း နေထိုင်နေတဲ့ စိတ်ထားကောင်းတဲ့ သာမန် လူငယ်တစ်ယောက်ဖြစ်ပါတယ် .. မိုချီတို ကိုမိုရိ (Ryota Bando)ကလည်း သူ့ရဲ့ရောဂါကြောင့်သာ လူမှုဆက်ဆံရေး ညံ့ဖျင်းပြီး ခေါင်းမာနေပေမဲ့ ပန်းချီပညာမှာ တကယ်ပါရမီပါပြီး အရည်အချင်းရှိတာကြောင့် ပန်းချီဆရာအဖြစ် အသေးစား အနုပညာရုံးတစ်ခုမှာ လုပ်ကိုင်နေသူပါ .. တစ်နေ့ .. ဒီလိုသာမန်ဆန်ပြီး အေးချမ်းတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ဘဝထဲကို လိုင်းယွန်ဆိုတဲ့ ကလေးလေးတစ်ယောက် ရောက်လာတဲ့အခါမှာတော့…. လိုင်းယွန်လေးက သူတို့ဆီကို ဘာလို့ရောက်လာတာဖြစ်မလဲ .. လိုင်းယွန်ရဲ့မိဘတွေကရော ဘယ်သူတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် စိတ်အပန်းဖြေနိုင်မဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ် ..