GMM 2024ရဲ့ ဖူဂျိုမမတို့ အမျှော်လင့်ရဆုံး BLစီးရီးဖြစ်တဲ့ Heart killers ကတော့ကြေညာပြီးတစ်နှစ်အကြာမှာ ကိုယ်ထင်ပြလာခဲ့ပါပြီ။castအနေနဲ့ကတော့ GMMရဲ့ နာမည်ကြီး CPတွေဖြစ်တဲ့ Joong-Dunkနဲ့First-Khao အပြိုင်ကြဲမှာဖြစ်ပြီး အက်ရှင်ရိုမန့်စ်နဲ့ ပွဲထွက်လာတာဖြစ်လို့ပရိသတ်တွေမျှော်လင့်သလို flopတွေကြားက top ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။ကန့်ဆိုတဲ့ကောင်လေးက အများအမြင်မှာတော့ တက်တူးဆိုင်ပိုင်ရှင်ပဲဆိုပေမဲ့တကယ်တမ်းကျတော့ ရဲဘက်သတင်းပေးလုပ်ဖို့ အကြပ်ကိုင်ခံထားရတဲ့ကောင်ဇိုးလေးတစ်ယောက်ပေါ့။တစ်နေ့မှာတော့ ကြေးစားညီအစ်ကိုနှစ်ယောက်ကို ထောက်လှမ်းရမယ်လို့ တာဝန်ပေးခံရပြီးညီအစ်ကိုနှစ်ယောက်ထဲကတစ်ယောက်က သူနဲ့ တစ်ညတာ ဇာတ်လမ်းရှိခဲ့ဖူးတဲ့ ဘိုင်ဆွန်ဖြစ်နေပါသတဲ့။ဒီလိုနဲ့ ဘိုင်ဆွန်ကိုချဉ်းကပ်ဖို့ကြိုးစားပေမဲ့ လူတွေကိုမယုံတတ်တဲ့ ဘိုင်ဆွန်ရဲ့အစ်ကိုဖာဒယ်က ကန့်လန့်ခံနေပြန်တော့ ဖာဒယ်ကိုဖယ်ထုတ်ပေးဖို့သူ့ရဲ့သူငယ်ချင်းစတိုင်ကို မက်လုံးပေးပြီး ချဉ်းကပ်ရေးပလန်ကိုစတင်အကောင်အထည်ဖော်ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားရမှာပါ။အက်ရှင်လည်းကြမ်းသလို အချစ်ကြမ်းကြမှာဆိုတော့ ..