The Most Notorious Talker Runs the Worlds Greatest Clan FHD

The Most Notorious Talker Runs the Worlds Greatest Clan

နောက်ထပ် Fantansy World တစ်ခုကို အခြေခံထားတဲ့ Anime တစ်ခု ဖြစ်ပါတယ်။ဒါပေမဲ့ ဒီကောင်ကျ Dungeon တွေပဲ သွား အကောင်တွေချ လူတွေခေါ် ရိုးရှင်းတဲ့ဇာတ် ဟုတ်မနေဘူး။ဒီ Anime မှာကျ MC လုပ်တဲ့ကောင်က ထိပ်ဆုံးကိုရောက်ဖို့ ဘယ်လိုနည်းလမ်းနဲ့ ဖြစ်ပါစေ ရောက်အောင်သွားမယ်မှန်ကန်ဖြောင့်မတ်တာ ဂုဏ်သိက္ခာဘာညာဆိုတာတွေ ထည့်တွေးတတ်တဲ့ကောင်မဟုတ်ဘူး။သူ့အပေါ် မကောင်းတဲ့ကောင်တွေဆို ရှယ်ပလန်နဲ့ ဖြုတ်တယ် နောက်ပြီး သူ ဆရာဖြစ်လာဖို့အတွက်ပညာသားပါပါ တော်ကီတစ်ပေါက်နဲ့ လူတွေကို လိုရင်လိုသလို ဂျင်းထည့်ပြီး ပတ်ကြမ်းတဲ့အကွက်မျိုး။ဒီတော့ MC ကောင် ဘယ်လိုမျိုးတွေ ဉာဏ်ကစားသွားမလဲဆိုတာ ကြည့်ရတာနဲ့တင် တော်တော်ကောင်းတဲ့ Anime ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ လူတွေက အရွယ်ရောက်တာနဲ့ Class တွေ ခွဲကြပြီး Seeker ဆိုတာလုပ်မယ်Abyss လို့ခေါ်တဲ့ Dungeon လိုနေရာကကောင်တွေသတ် ပိုက်ဆံရှာ ပါတီဖွဲ့ Clan ထောင် ဒါမျိုးပေါ့။အဲဒီမှာ Noel ဆိုတဲ့ကောင်လေးက ငယ်စဉ်ကတည်းက နာမည်ကျော် Warrior class ဖြစ်တဲ့လူရဲ့ မြေးဖြစ်သူ။ဒါပေမဲ့ အရွယ်ရောက်လို့ Class ခွဲတော့ သူတို့ထဲမှာ အားအနည်းဆုံးဖြစ်တဲ့ Talker ဆိုတဲ့အမျိုးအစား ဖြစ်နေတယ်။Talker ဆိုတာက ပါတီဝင်တွေကို တော်ကီတစ်ပေါက်နဲ့ နောက်ကနေ Buff ပေးရတဲ့ကောင်မျိုးကိုယ့်ကိုကိုယ်တောင် ပြန်သုံးလို့မရဘူး သူများပဲ ပေးသုံးလို့ရတာ။ဒီတော့ အဘိုးဖြစ်သူ ဆုံးပါးပြီးတဲ့နောက် Noel တစ်ယောက် အဘိုးကို ကတိပေးခဲ့သလို အသန်မာဆုံး Seeker ဖြစ်ဖို့အစပိုင်းတော့ ဖြူစင်ရိုးသားစွာ ကြိုးစားပေမဲ့လည်း ဒီလောကကြီးက အရာတိုင်းက ရိုးသားဖြောင့်မတ်နေစရာမလိုဘူးကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ လိုအပ်တာမှန်သမျှ ဆိုးဆိုးကောင်းကောင်း လုပ်ရမှာပဲဆိုပြီး သဘောပေါက်သွားတဲ့ Noel တစ်ယောက်ဇာတ်ကားနာမည်အတိုင်း နာမည်ဆိုးနဲ့ ဘယ်လိုကျော်ကြားပြီး အသန်မာဆုံး Clan တစ်ခုကို ထူထောင်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲ ဖြစ်ပါတယ်။