ဒီတခါ တင်ဆက်မဲ့ Drama အသစ်လေးကတော့ မူခင်းသဲထိတ်ရင်ဖိုဇာတ်လမ်းတွဲဖြစ်ပါတယ် Black and White Forest လို့ အမည်ရတဲ့ ဒီဇာတ်လမ်းတွဲလေးမှာ Ding Yu Xi နဲ့ Han Xue တို့က လိုက်ဖက်ညီစွာနဲ့သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ ဇာတ်လမ်းအကျဥ်းကတော့ ရဲအရာရှိဖြစ်တဲ့ဇာတ်ဆောင်ဝိန်ပင်းပင်းက အဖွဲ့ခေါင်းဆောင်ရှင်းလျန်ရဲ့အကူအညီနဲ့ ပျောက်ဆုံးတဲ့သေနတ်တစ်လက်ကိုရှာဖွေခဲ့ကြတယ်။ သေနတ်တစ်လက်အမှုကနေအစပြုပြီးတဆင့် ငွေကြေး၊လောဘ၊ကြံစည်မှုတွေကြောင့် ဒုစရိုက်မှုတွေဖြစ်ပွားခြင်းကနောက်ကွယ်မှာမကောင်းတဲ့အင်အားစုရှိနေကြောင်းရိပ်မိလာခဲ့တယ် ဒီလိုနဲ့သူကမခံချင်စိတ်တွေပြင်းပြလာပြီးအခက်အခဲတွေကြားမှာ အမှန်တရားကိုစုံစမ်းရင်းနဲ့ နောက်ကွယ်ကကြိုးကိုင်သူတွေကို ဖမ်းဆီးနိုင်မလားဆိုတာကိုတော့ စိတ်ဝင်တစားနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်