Children of the Church Steps FHD

Children of the Church Steps

Drama FHD 2024

ဒီစီးရီးလေးကတော့ ဒီနှစ် အောက်တိုဘာလထဲမှာ Netflix ကအသစ်ထွက်ရှိထားတာဖြစ်ပါတယ်။ ပေါ်တူဂီစကားပြော ဘရာဇီး series ဖြစ်ပြီးတော့Drama History အမျိုးအစား mini series ဖြစ်ပါတယ်ဒီ series ကို ၁၉၉၃ ခုနှစ် ဇူလိုင်လ ၂၃ ရက် ညမှာ ဖြစ်ပွားခဲ့တဲ့ဝမ်းနည်းဖွယ်အဖြစ်ဆိုးတစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့က ကန်ဒယ်လားရီးယားဘုရားကျောင်းအပြင်ဘက်လှေကားထစ်တွေပေါ်မှာ အိပ်နေကြတဲ့ အိမ်ခြေရာမဲ့ကလေးတွေကို ဝင်ရောက်ပစ်ခတ်မှုမှာကလေးငယ် ၆ ယောက်နဲ့ ဆယ်ကျော်သက် ၂ ယောက် သေဆုံးခဲ့ပြီးအခြားကလေးငယ်နဲ့ ဆယ်ကျော်သက်များစွာ ဒဏ်ရာရခဲ့ကြပါတယ်။ဒေါက်ကလက် ဆက်ချ် ပီပေါ့ကာနဲ့ ဂျေဆူးဆိုတဲ့ ကလေးတွေရဲ့ဘရာဇီးရဲ့လမ်းမတွေပေါ်မှာ ဘယ်လိုကြမ်းတမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ…ဘယ်လို အိပ်မက်တွေရှိခဲ့ကြလဲ… အဖြစ်ဆိုးနဲ့ ဘယ်လိုကြုံခဲ့ရလဲ… ဆိုတာကိုယ်တွေ့ကြုံခဲ့ကြသူတွေရဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးတင်ဆက်ထားတာမို့လို့ကြည့်ရှုခံစားကြပါဦးနော် .. ။

အပိုင်းများ

Season 1