The Scent of Hers FHD

The Scent of Hers

FHD 2024

မချောတစ်ယောက် ကိုကို ၅ ယောက်နဲ့ Crime drama suspense ဇာတ်ကားသစ်Geeနဲ့Pancakeရဲ့ မမနဲ့မောင်လေးကြားက Chemistry ကိုမှ မျှော်ရပါတယ် ဆိုတဲ့ ပရိသတ်တို့လည်း လက်မနှေးတမ်း အတူရှုစားကြပါဦးစို့။စီရင်ဟာ အဆင်းရော အချင်းပါ ပြည့်စုံတဲ့မိန်းမချောတစ်ယောက်၊ ကွာရှင်းထားတဲ့တစ်ခုလပ်ဆိုပေမဲ့အကြွေပန်းမို့မနွမ်းဘဲ စကားစိမ်းပန်းလို ဝေလည်းကြွေလည်းမွှေးတဲ့သူဆိုတော့ပျားနဲ့တူတဲ့ ပုရိသယောက်ျားသားတို့ ဝိုင်းဝိုင်းလည်နေတာပေါ့။ဒါပေမဲ့ သူ့ရဲ့စွဲမက်ဖွယ်ရူပါရုံနဲ့ ချမ်းသာကြွယ်ဝမှုကြောင့်သူ့ကိုပိုင်ဆိုင်ရဖို့ ပြိုင်ဆိုင်နေသူတွေကြား လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါမှာတော့…စီရင်ကို အရင်းတည်ပြီးဖြစ်လာရတာပါဆိုတဲ့ လူသတ်မှု၊စီရင်နဲ့ပတ်သက်သူတိုင်း ဇာတ်သိမ်းမလှပါဘူးဆိုတဲ့ ဒီကျိန်စာဆိုးကို သူဘယ်လိုဖြေရှင်းသွားမလဲ။မိန်းမလှတစ်ယောက်အတွက် အရှားဆုံးဆိုတဲ့အချစ်စစ်ဆိုတဲ့အရာကိုရောစီရင်တစ်ယောက် ပိုင်ဆိုင်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ