အိမ်ထောင်ရေးအရှုပ်တော်ပုံ ဇာတ်လမ်းတွဲရှည်တွေကို ကြိုက်နှစ်သက်ကြတဲ့ပရိသတ်ကြီးအတွက် Shim Yi Young, Song Chan Euiတို့လိုဝါရင့် သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေပါဝင်ထားတဲ့ ဇာတ်ကားကတော့ ထွက်ရှိလာပါပြီ ..ဖီဆွန်းဂျူ (Shim Yi Young)ဟာ ရပ်ကွက်ငယ်လေးတစ်ခုမှာအိမ်တွင်းအလှဆင်ဒီဇိုင်နာအဖြစ် လုပ်ကိုင်ပြီး ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင် ခင်ပွန်းသည် ဂျွန်နမ်ဂျင်းအပေါ် သစ္စာစောင့်သိတဲ့ ဇနီးလည်းဖြစ်ပါတယ် ..ဒါပေမဲ့ ဂျွန်နမ်ဂျင်းကတော့ ဗိသုကာကုမ္ပဏီရဲ့ ဆက်ခံသူဖြစ်လာမယ့်ဂျင်ဆန်းအာနဲ့ ဖောက်ပြန်ပြီး သူ့ရဲ့ရည်မှန်းချက်နဲ့ အချစ်သစ်အတွက်လက်ရှိမိန်းမကို ကွာရှင်းခွင့်တောင်းပါတော့တယ် ..ဗိသုကာပညာရှင် ဂင်ဆိုယူ (Song Chang Eui)ကတော့ ဂျင်ဆန်းအာရဲ့ခင်ပွန်းဖြစ်ပြီးသူ့ရဲ့လက်ရှိတည်ငြိမ်နေတဲ့ဘဝကို ကျေနပ်နေတဲ့သူပါဒါကြောင့် ဖောက်ပြန်ခံရတဲ့ ဖီဆွန်းဂျူနဲ့ ဂင်ဆိုယူတို့ဟာ သူတို့ရဲ့သစ္စာမရှိတဲ့ယောက်ျားနဲ့မိန်းမကို ကွာရှင်းပြီးတော့ ဘဝအသစ်မှာ ဘယ်လိုကြိုးစားနေထိုင်ပြီးလက်စားချေပြသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အိမ်ထောင်ရေးဇာတ်ကားပဲ ဖြစ်ပါတယ် ..